အရုပ်ကောက်စက်ရှေ့၌ ကလေးလေး 1ယောက် အရုပ်ကိုကြိုးစားပမ်းစားကောက်နေသည် ။ ရခါနီးမာပင် အပေါက်ဝနား၌ ပြုတ်ကျသွားသည်။
" အားး နည်းနည်းလေးဘဲလိုတော့တာကို ပိုက်ဆံလည်းမရှိတော့ဘူး " ဟု ရှုံမဲ့မဲ့ဖြင့်ရေရွတ်နေသည်။
ရှေး- ' အိုး အချိန်ကျပြီ '
ရှေးက ထိုကောင်ကလေးလေး ဆီသို့သွားလိုက်ကာ
" ကလေး ရော့ ဒီမာ မုန့်ဖိုး "
" ဗျာ? "
" အော် ... ခုနတုန်းက မင်းဆော့နေတာကြည့်ပြီး အရုပ်ကောက်တဲ့နေရာမာ အရမ်းတော်တာကို အမ တွေ့လိုက်ရတယ် ၊ အဲ့တာကြောင့် မင်းအရည်အချင်းကိုသဘောကျလို့ ဆုချတာ "
ကလေး၏မျက်လုံးများကတောက်ပသွားပြီး
"သား တကယ်တော်တာလား"
"ဒါပေါ့ အမ မင်းကိုမလိမ်ဘူး"
ကလေး-" အို့ အဲ့တာဆို သားဒီပိုက်ဆံတွေနဲ့ရအောင်ပြန်ကောက်.... "
ရှေး"မရဘူး "
"အော် အဟမ်း.... အမပြောချင်တာက ဟိုမာ ထောင့်နားမာရပ်နေတဲ့ မမကိုတွေ့လား "- ခေါင်းညိမ့်-
ရှေး-" အင်း အဲ့အမ ကိုင်ထားတဲ့ဒိုင်နိုဆောရုပ်က ဟိုးဘက်ခြမ်းကစက်ထဲက ကောက်လိုက်တာနဲ့ချက်ချင်း ရလာတာကိုအမမြင်ခဲ့တယ် အရမ်းလွယ်တာနော် "
ကလေး- "အို့"
ရှေး- " ဒိုင်နိုဆောကြိုက်တယ် မဟုတ်လား"
ကလေး - " ဟုတ် "
ရှေး- " အဲ့တာဆို သွားတော့လေ သူများလာရင် မကျန်ဘဲနေတော့မယ်"
ကလေးကတော့ ရှေး၏ဉာဏ်နီဉာဏ်နက်အကွက်ထဲဝင်သွားလေပြီ။
မဒီကတော့ ထိုမြင်ကွင်းကိုကြည့်ပြီး ရယ်ချင်သွားသည်။ အရှေ့တွင် ရှေးအကြိမ် 20လောက်ကောက်ခဲ့သော်လည်း တစ်ရုပ်မှမရခဲ့ပေ။
ရှေးကတော့ ခဏက ကလေးဆော့ထားသောစက်သို့သွားလိုက်ပြီး အပေါက်ဝတွင်ကပ်နေသော ငါးမန်းရုပ်ကိုညှပ်ဖြင့်အပေါက်ထဲဆွဲချလိုက်သည် ။
ထို့နောက် အရုပ်ကိုယူ၍ အနောက်တွင်ရပ်နေသော မဒီကို ပေးလိုက်သည်။