1 : 00
ဆေးကျောင်းဆောင် 🏢
' အာ ... သားရဲတွေအများကြီးဘဲ ဖြစ်ပါ့မလား '
မဒီ အားတင်း၍ အခန်းထဲဝင်လိုက်သည်။ ယနေ့သည် ရွေးချယ်ထားသော ကျောင်းများတွင် စာစသင်ကြသည့်နေ့ဖြစ်သည် ။
မဒီ အလယ်တန်း နေရာလွတ်သေးလားဟုကြည့်လိုက်သည် ။ အလယ်တန်းရော အနောက်တန်းပါ ခုံပြည့်နေသည်။
'ကံဆိုးလိုက်တာ'
ရွေးချယ်စရာမရှိ အရှေ့တန်းသာကျန်တော့သည် ကြည့်ရသည်မာ မကြာခင် နေရာပြည့်တော့မည့်ပုံပင်
' အမ် ...သူများနေရာရသွားလို့မဖြစ်ဘူး မဟုတ်ရင်နေရာအကြာကြီး မတ်တပ်ရပ်ပြီးရှာနေရဦးမယ် '
တွေးနေရင်းဖြင့် အရှေ့တန်း၏ တတိယလိုင်း၌ တစ်ယောက်စာလွတ်နေသေးသည်ကိုတွေ့လိုက်သည်နှင့်ချက်ချင်းသွားပြီး ထိုင်ချလိုက်တော့သည် ။
မဒီထိုင်ပြီးပြီးချင်းတွင် ဘေးဘက်၌မျက်နှာမူ၍ စကားပြောနေသောသူသည် အနားတွင် တစ်စုံတစ်ယောက်လာထိုင်သည်ကို ခံစားလိုက်မိ၍ လှည့်ကြည့်လာသည်ကို မဒီ သတိမထားမိသေး
မဒီ - ' ဟူး .... ခုမှဘဲစိတ်အေးတော့တယ် ' ဟုတွေးနေရင်း ဘေးလူကိုမတော်တဆကြည့်လိုက်မိသည်။
မဒီတစ်ယောက် လန့်ဖြန့်သွားကာ ချက်ချင်းထပြေးဖို့ပြင်လေသည်။
သို့သော် လက်တစ်ဖက်က သူမ၏လက် တံတောင်ဆစ်နားကို လှမ်းဆွဲလာသည်။
ထို့ပြင် ရီသံအနည်းငယ် စွတ်သော အသံဖြင့်ပြောလာသည်။
" ထိုင်လေညီမလေး ဘယ်သွားမလို့လဲ ဒီမာနေရာလွတ်ပါတယ် "
"ခုချိန်ထလိုက်ရင် ခုံပြန်ရှာနေရမယ်နော် "
' ခုံပြန်ရှာနေရမယ်နော်' ဟူသောစကားကိုကြားလိုက်သောအခါ မဒီ ခဏလောက်ငြိမ်သွားသည် ။ ထိုသို့ငြိမ်သွားသည့်အခါမှ လက်လွှတ်ပေးလာသည်။
မဒီ သူမ၏ ဘယ်ဘက်သို့မကြည့်ရဲ ။ အငွေ့ပင်ပျံသွားချင်တော့သည်။
' စကားလာမပြောပါစေနဲ့ စကားလာမပြောပါစေနဲ့ '
" ဟားဟား.... အဲ့လောက်တောင်တိုက်ဆိုင်တယ်လား "
ရှေး ထိုကောင်မလေးကိုပြန်ခေါ်လိုက်သည်
" ဟေး..... "
" ..........."
" hello"
မဒီ ရုပ်တည်ဖြင့်သာမသိချင်ယောင်ဆောင်နေသည်။
' ငါမကြားဘူး ငါမကြားဘူး (>︿<。) '
" ဟားဟားဟား .... Ok ok , အမ ဘာမှမမှတ်မိဘူး ဟုတ်ပြီလား ဘယ်သူ့ကိုမှလည်းမပြောပြပါဘူး "
" Ok ? (〃^∇^) "
မဒီ ထိုအခါမှခေါင်းညိမ့်ပြလာသည်
ထို့နောက် ရှေး ဘာမှမပြောတော့ သို့သော်အနည်းငယ်ပြုံးနေသေးသည် ။
ရှေး အနားတွင်ထိုင်နေသော nova - " ???"
မဒီ ' အတန်းပြီးတာနဲ့ မြန်မြန်ပြန်ရမယ်'
[ ရှေးကအလယ် ညာဘက်မာက မေမဒီ
ရှေးဘယ်ဘက်မာတော့ nova ပါ ]အကိုကြီးတို့အတွဲကတော့ ဖြေးဖြေးပေါ့ ʕ •ᴥ•ʔ
