YS ကျောင်း ကားပါကင်ထဲသို့ အနက်ရောင်ကားတစ်စီးမောင်းဝင်လာသည်။
ထို့နောက် ရှည်လျားသော ဆံပင််နက်နက်နဲ့ မိန်းကလေးတစ်ယောက် ကားထဲမှထွက်လာသည်။
ပုံမှန် မိန်းကလေးများထက် မြင့်မားသော အရပ် နှင့် ယောကျာ်းဆန်သည့်အငွေ့အသက် အနည်းငယ်ဖုံးလွှမ်းနေသည်။
ဒုတိယမြောက် ထွက်လာသော ယောကျာ်းလေးသည်ရှေ့ကတစ်ယောက်နှင့်အမွှာဖြစ်သော်ငြားလည်း ရုပ်ရည်ကွဲပြားကြသည်။
မြင့်မားသောအရပ် ၊နက်မှောင်သောဆံပင် နှင့် မဲနက်သော နားရွက်တစ်စုံလည်းရှိသည်။
"မင်းအတန်းကဘယ်အချိန်ပြီးမာလဲ"
"စောင့်စရာမလိုဘူး အကိုကြီးပြန်နှင့်လို့ရတယ် ၊ ဆေးပညာအတန်းက ဒီနေ့စာရင်းပေးရမာ ပြီးမှဖုန်းဆက်လိုက်မယ် အိမ်ကတစ်ယောက်ယောက်လွှတ်ပေးလိုက်ပေါ့"
ရှေး၏စကားဆုံးသည်နှင့် လင်းသန့်၏မျက်လုံးများ အနောက်ဘက်မှနေ၍ ဖုံးအုပ်ခံလိုက်ရသည်။
အုပ်ထားသည့်အရာမာ လက်တစ်စုံဖြစ်ပုံရသည်။လင်းသန့်ချက်ချင်းသတိကပ်သွားကာ ထိုလက်ကိုဆွဲယူ၍ မှောက်သိပ်မည့်တော့ဆဲဆဲတွင်
ရှေး - "ဟိုး .... Stop! အကိုကြီး မှားမယ် မှားမယ်"
လင်းသန့်လှုပ်ရှားမှုများတန့်သွားကာ ဆွဲယူထားသောလက်ကိုမလွှတ်သေးဘဲ အနောက်သို့လှည့်ကြည့်လိုက်သည်။
မြင်လိုက်ရသည့် သူမာ မိန်းကလေးဖြစ်သည်။ ဆံပင်ဂုတ်ထိရှိကာ အသားပြည့်ပြည့်လေးရှိသော ခန္ဓာကိုယ်နှင့် မျက်နှာဝိုင်းဝိုင်းလေးက အထင်ရှားဆုံးဖြစ်သည်။
လင်းသန့်ချက်ချင်း သူမကို ပျော်ရွှင်စွာဖြင့်ခေါ်လိုက်သည်
"ဝက်ကလေး"
"ဟဲ့ ဘာဝက်လဲ နင့်ကိုငါအဲ့လိုမခေါ်နဲ့လို့ဘယ်နှခါတောင်ပြောရမလဲ" "လူကိုတွေ့လို့ ကြိုဆိုမယ်မရှိဘူး ၊ခုနကလည်း ငါဆေးရုံရောက်ဖို့ ခြေတစ်လှမ်းဘဲလိုတော့တာ နင်နဲ့ ငါ ခုကစပြီး မသိတော့ဘူး ဘာမှလာမပြောနဲ့ ငါစိတ်ဆိုးနေတယ်"
"တကယ်လား အစက ငါနင့်ကိုတွေ့တော့ နင်ကြိုက်တဲ့ဆိုင်ကိုခေါ်သွားပြီး ဝယ်ကျွေးမလို့ဘဲ ခုတော့သက်သာသွားတာပေါ့"
လမင်း လန့်သွားကာ လင်းသန့်၏လက်မောင်း ကိုလက်၂ဖက်ဖြင့် ဆုပ်ကိုင်၍ လွှဲယေမ်းလိုက်ကာ
"အား ... မဟုတ်ဘူး မဟုတ်ဘူး ငါကစတဲ့ဟာကို ငါဘယ်တုန်းကအတည်ပြောဖူးလို့လဲ နင်ကလည်း အတည်တွေယူမနေစမ်းပါနဲ့"
"ဟားဟားဟား အေးပေါ့ အေးပေါ့"
"ငါတို့၂ယောက်လဲ ရှိသေးတယ်နော်"
အသံကြောင့် လင်းသန့် အရှေ့တွင်ရှိသော တိုင်အနောက်ဘက်သို့ကြည့်လိုက်သည်။
မိန်းကလေးသည် ခန္ဓာကိုယ်ပိန်ပါးပြီး အမဲရောင်ဆံပင်ကိုမြင့်မြင့်ချည်ထားကာ လက်ပိုက်ထားရင်း ပြုံးလျက်လျှောက်လာသည်။သူမဘေးတွင်လည်းယောကျာ်းတစ်ယောက် ရှိသည်။
ထိုယောကျာ်းလေးသည် အဖြူရောင်ဆံပင်ရှည်များရှိကာ ကြည့်မိသူတိုင်းမျက်စိအေးစေသော အလှမျိုးရှိသည်။
"ဘယ်လိုလဲ အားလုံးသင်တန်းပြီးသွားကြပြီလား"
ရှေးကပျော်ရွှင်နေသော မျက်လုံးဖြင့်
"အင်း အကိုကြီးကို မပြောဖို့တိုင်ပင်ထားတာလေ ဒါနဲ့ ... တစ်ခုခုနောက်ကျနေတယ်မထင်ကြဘူးလား"
"ဟမ်"
ထိုအခါမှ အားလုံးတစ်စုံတစ်ခုကို သတိရသွားတော့သည်။
"သေစမ်း အတန်းစတော့မယ်"
-------------------------------------------------------------'သူကျောင်းနောက်ကျနေတာများလား'
မေမဒီ တွေးနေစဥ် အခန်းတံခါးပွင့်လာကာ လူ၃ယောက်ဝင်လာသည်။ ပြေးလာသောကြောင့်
အနည်းငယ်မောနေဟန်ရသည်။ဝက်ဝံနားရွက်များရှိသော ဆရာက
"အမြန်ဝင်ကြတော့ အတန်းကစနေပြီ ၊ နောက်တစ်ကြိမ် ထပ်ဖြစ်ရင် အမှတ်နှုတ်ခံရမယ်"
"ဟုတ်ကဲ့" x3
လင်းသန့်တို့အုပ်စု ထိုင်မည့်နေရာသို့သွားလိုက်ကြသည်။ ယခုတွင် ညာဘက်အစွန်၌ ဆုလင်း ၊ ဘယ်ဘက်အစွန်တွင် လင်းသန့် ၊ လင်းသန့်ဘေးတွင် မေမဒီ နှင့် လမင်းအိမ် တို့ဖြစ်သည်။
လမင်း - " အမ် ... ဒီကညီမလေး ခုဘာအချိန်လဲ"
မေမဒီ- " Chemistry "
လမင်း-"ကျေးဇူးပါ"
အတန်းချိန်များသည် ဆရာတစ်ယောက်ပြီးလျှင်နောက်တစ်ယောက်ဆက်တိုက်ဝင်သောကြောင့် ကျောင်းသားများအားလုံး အီလည်လည်ဖြစ်နေကြတော့သည်။ သေချာပေါက် စာဂျပိုးများတော့မပါပေ။
