ဆရာမကျီး၏နားနေခန်း၌ အတန်း B၏ ခေါင်းဆောင်များကို ယခုတက်ရောက်နေသော ကျောင်းသားအသစ်များအတွက် Welcome အစီအစဥ်များကိုမှာကြားနေသည်။ နောက်ဆုံးတွင်
" အဲ့တော့ သားတို့ ဒီကြိုဆိုပွဲအတွက်ပြင်ဆင်ကူစရာရှိတာပြင်ကူလိုက်ပါကျန်တာကတော့အကျဥ်းချုပ်နားလည်ပြီမလား "
" ဟုတ်ကဲ့ နားလည်ပါပြီ ခဗျ / ဟုတ်ကဲ့ "
" အင်း .. သွားလို့ရပါပြီ "
___________________________________________
ကျောင်းလျှောက်လမ်း၌
လင်းသန့် ၊ နေလင်း နှင့် ချူးချူး တို့ ဆရာရုံးခန်းမှအမှာစကားများနားထောင်ပြီး စာသင်ခန်းသို့ပြန်လာနေကြသည်။
လမ်းတစ်ဝက်တွင် ချူးယွန်း ရေအိမ်ဝင်ရန် အလျင်လိုလာခဲ့သည်
" ဟိုဟွာလေ အကိုလင်းနဲ့အကိုထက်တို့ သွားနှင့်လိုက်ပါနော် ချူး သန့်စင်ခန်းအလျင်လိုလာလို့ "
လင်းသန့်-"Ok"
နေလင်း - ခေါင်းညိမ့်
ချူးယွန်း ပြောပြီးသည်နှင့် ကျောင်းလှေကားမှဆင်းသွားလိုက်သည်။
လင်းသန့် နှင့် နေလင်းကတော့ လျှောက်လမ်း၌ ဆက်သွားနေကြသည် မည်သည့်စကားများပြောဆိုမနေသဖြင့် ၂ယောက်ကြားလေထုက တိတ်ဆိတ်နေသည်။
နေလင်း ဘေးလူကိုတစ်ချက်လောက်ကြည့်ပြီး ရှေ့ဘက်သို့မျက်နှာပြန်လှည့်လိုက်သည် ထို့နောက် တိတ်ဆိတ်နေသောလေထုကို ဖြိုခွဲလိုက်သည်။
" ငါတစ်ခုခုလုပ်မိထားသေးလား "
လင်းသန့် နေလင်းကိုမကြည့် မျက်နှာကရှေ့ကိုသာမူလျက် ဖြေလာသည်
လင်းသန့် - " ဘာဖြစ်လို့လဲ "
နေလင်း - " ပုံမှန်လေထုထက် ပိုတိတ်ဆိတ်နေသလားလို့ "
လင်းသန့်- " စိတ်ထင်လို့ပါ ဟိုနေ့က...အဆင်ပြေသွားတယ်မလား "
နေလင်း နားမလည်သောမျက်နှာဖြင့် ဘာကိုပြောတာလဲ ဟုမေးလိုက်သည်။
ဤအခေါက်တွေလင်းသန့်လည်း နားမလည်စွာကြည့်လာ၍ ၂ယောက်လုံးလမ်းလျှောက်နေရာမှရပ်တန့်သွားသည်။ နေလင်းကြည့်ရသည်မာ ဘာမှသိပုံမပေါ်
လင်းသန့် - " ကြည့်ရတာ..... "
" အဖျားကြီးပြီး မေ့သွားတာများလား "
နေလင်း- " ! ! ? "
လင်းသန့် ခေါင်းထဲ ဆက်မထားတော့ဘဲ ရှေ့သို့ဆက်သွားလိုက်သည်
နေလင်းအလောတကြီးဖြင့် " ခဏလေး " ဟုပြောရင်း လင်းသန့်၏ဘယ်ဘက်လက်ကိုဆွဲမိလိုက်သည်။
ထိုအသားချင်းထိတွေ့မိလိုက်သည့်တစ်ခဏတွင် နေလင်း နွေးထွေးပေါ့ပါးသွားသော ခံစားချက်ကိုရလိုက်သည် ။
' ဒီခံစားချက်က.....သက်တောင့်သက်သာမှုရှိတယ် ပြီးတော့ နွေးတယ် '
လင်းသန့် ခဏကြောင်သွားပြီး လက်ကိုချက်ချင်းဆွဲထုတ်လိုက်ရင်း စိတ်ရှုပ်ထွေးကာမေးလာသည်
" ဘာလဲ "
နေလင်း နောက်တစ်ကြိမ် လက်ကိုပြန်ကိုင်လိုက်သည်။
လင်းသန့်မျက်နှာသည် အနည်းငယ်အေးစက်လာပြီးကျေနပ်ပုံမပေါ် လက်ကိုပြန်ဆွဲထုတ်လိုက်ပြီးအနည်းငယ် မျက်မှောင်ကျုံ့ရင်းဖြင့်
" မင်းဘာလုပ်နေတာလဲ "
နေလင်း- " အမ် .... Sorryပါ တစ်ခုခုတွေးမိသွားလို့"
ထို့နောက်လင်းသန့် မျက်မှန်ကျုံ့ထားသည်မာအတန်ငယ်ပြေလျော့သွားပြီး ဘာမှမပြောတော့ဘဲ သွားနှင့်လိုက်သည်။
နေလင်း သူ၏ညာဘက်လက်ဖဝါး ကိုကြည့်၍ တစ်ခုခုတွေးနေရင်း နောက်၌ကျန်ရစ်ခဲ့သည်။
____________________________________________
ညနေ
*ဖြောင်း ဖြောင်း ဖြောင်း *
လက်ခုပ်တီးလိုက်ပြီးနောက် အတန်းသားများ အသံလာရာဘက်သို့ကြည့်လာကြသည်။
ရှေး မိုက်ကိုကိုင်လိုက်ပြီး ဆေးကျောင်း၏ အတန်းခေါင်းဆောင်တစ်ယောက်အနေဖြင့် မနက်တုန်းကအားလုံးသိပြီးသည်ဖြစ်သောစကားကို နောက်တစ်ကြိမ်ပြောလိုက်သည်
" Hello အားလုံးဘဲ ၊ ဂရုစိုက်နားထောင်ပေးပါဦး မကြာခင်မာ ကျင်းပမဲ့ကြိုဆိုပွဲအတွက် အားလုံးလည်းသိပြီးလောက်ရောပေါ့ ၊ ဆိုတော့ ငါတို့ဆေးကျောင်းသားအုပ်စုတွေကလည်း ပွဲအတွက်ပြင်ဆင်စရာရှိတာတွေကို စီနီယာတွေနဲ့အတူ ပူးပေါင်းပြီး သေချာပြင်ကြမယ် ၊ ကဲ အားလုံး ဒါပါဘဲ ရှေ့လျှောက်စာသင်နှစ်မာလည်း အတူတူကြိုးစားရအောင် ! "
*ဖြောင်း ဖြောင်း ဖြောင်း *
"အတူတူကြိုးစားကြမယ်..... ဝူး .... "
" ကြိုးစားကြမယ် .. "
ရှေးလက်ခုပ်တီးနေရင်းဖြင့် မဒီဆီသို့အကြည့်ရောက်သွားပြီးနောက် ပြုံးကာမျက်ခုံးတစ်ချက်ပင့်လိုက်သည်။ မဒီကတော့ အနည်းငယ်ပြုံးပြ၍ လက်ခုပ်တီးနေသည်။