Part - 13

8 2 0
                                    

ဂိမ်းဆိုင်ထဲ၌

ဆုလင်း " ဟဲ့ hp တက်လာတော့လေ ဒီမာထိန်းမရတော့ဘူး "

ဆုလင်း- "တက်တက်တက် ဟိုမာသေတော့မယ်"

တဖက်ရန်သူ ကိုင်ထားသော heroမာ သွေးဖင်ကပ်နေပြီဖြစ်သော် မသေနိုင်သေး။

*Has Slain*

မိမိအသင်းဘက်မှ  ရှောသွားခြင်း

ဆုလင်းစိတ်တိုသွားကာ " ဟ သောက်ဘဲ တက်တက်တက်! "

ထို့နောက် ကောင်လေးဘက်သို့လှည့်ကြည့်လိုက်ပြီး

" ဟဲ့ ဘာလုပ်နေတာလဲ လာလေ"

ကောင်လေး - " ဟု..ဟုတ်ကဲ့ " ဆုလင်းအော်သံကြောင့် ကြောက်ရိုသေ နေရှာသည် ။

*Shut down !*

*Enemy double kill !*

*Enemy triple kill !*

*Enemy Maniac !*

ရှော

" ဟဲ့ နင်ဂိမ်းဆော့တတ်လား မဆော့တတ်ဘူးလား !! " ဆုလင်းပေါက်ကွဲကာအော်ထည့်လိုက်သည်။

ကောင်လေး အံ့သြကာလန့်သွားပုံရသည်။

လမင်းကတော့ မျက်နှာပျက်ကာ ကို့ရို့ကားယား စိတ်ပူနေ၏။

ထို့နောက် မနေနိုင်တော့သည့်အဆုံး ဆိုင်ထဲသို့ပြေးဝင်သွားပြီး အခြေအနေကြည့်ထိန်းရန် ခုံနောက်၌ရပ်လိုက်သည်။

ခဏကြာသော် အခြေအနေငြိမ်သွားပုံရသည်

လမင်း ဆုလင်းကို လက်အမူအရာဖြင့် အချက်ပြလိုက်သည်။ ' ဒီလို ဒီလိုပြောလိုက် okလား '

ဆုလင်း- 👌👌

" အဟမ်း .... မောင်လေး " ဟုခေါ်ကာလက်လှမ်းလိုက်သည်

ထိုကောင်လေးက ချက်ချင်းလန့်သွားကာ တစ်စုံတစ်ယောက်၏တိုက်ခိုက်မှုမှကာကွယ်ရန် လက်၂ဖက်ဖြင့် သူ့မျက်နှာကိုကာလိုက်သည်

" ............... "

အခြေအနေကြည့်ရသည်မာ လူကြမ်းမကြီး ဟုသတ်မှတ်ခံလိုက်ရ ပုံရသည်။
_____________________________________________

လမင်း ဂိမ်းပွဲပြီးသည်နှင့် ဆုလင်းကိုဆွဲထုတ်လာလိုက်သည်။

"လာခဲ့ လာခဲ့ "

လမင်း-" ဆုလင်းမ ငါနင့်ကို ကောင်လေးရှာခိုင်းတာလေ အနိုင်ကျင့်ဖို့ရှာခိုင်းတာမဟုတ်ဘူးဟဲ့ နင်လုပ်လိုက်တာကြည့်ဦး ဒီလိုပုံနဲ့ဆိုရင်ရမာကိုမဟုတ်ဘူး "

ဆုလင်း-" ငါလည်းအကောင်းဆုံးလုပ်တာဘဲလေဟာ မရတော့လည်း မတတ်နိုင်ဘူးပေါ့ "

လမင်း-"ဟင်း .... "

ဆုလင်း-" ဘယ်ရောက်ကုန်ပြီလဲ "

လမင်း- " မသိဘူး ဒီနားတစ်ဝိုက်မာဘဲနေမာပါ သွားရှာကြည့်ရအောင် "

/  / __________________________________/  /

တဖက်၌

လင်းသန့် သန့်စင်ခန်းထဲ ကိစ္စဖြေရှင်းပြီး လက်ဆေးနေချိန်

" ဟား ... ဟ ..အား ..." ( မမှောင်ကြပါနဲ့ )

လင်းသန့်လက်ဆေးနေရင်းကနေ ရပ်သွားကာ အသံလာရာသို့ အာရုံစိုက်မိလိုက်သည်

ဒုန်း *ကလစ် *

တစ်စုံတစ်ယောက် ယိုင်တိုင်တိုင်ဖြင့် အိမ်သာထဲမှထွက်လာသည် ။ ရွှေရောင်ဆံပင်နှင့် အလွန်ကြည့်ကောင်းသောလူသားရဲပင် ၊ ' ရင်းနှီးသလိုဘဲ'

နေလင်း နံရံကိုမှီထားပြီး တစ်ကိုယ်လုံးလည်းချွေးများဖြင့်ရွှဲနေကာ တစ်ခုခုကိုတောင့်ခံထားပုံရသည်။

လင်းသန့်သတိအနဲငယ်ထားကာ အနားသို့လျှောက်သွားလိုက်သည်။

လင်းသန့် - " မင်း ... အဆင်ပြေရဲ့လား ၊ ဘာကူညီပေးရမလဲ "

" ထွက်သွား " နေလင်း အံကြိတ်ထားရင်းပြောလာသည်။

လင်းသန့် နောက်မဆုတ်သွားသေး

နေလင်းခက်ထန်စွာဖြင့် "ထွက်သွား ! " ဟု အော်လိုက်သည်။

လင်းသန့်- ' နေလိုက်ပေါ့ကွာ ဘယ်သူကဂရုစိုက်နေလို့လဲ '  တွေးပြီးသည်နှင့် ထွက်ပေါက်သို့ခြေဦးလှည့်ကာထွက်သွားလိုက်သည် ။

ခဏကြာပြီးနောက်

လင်းသန့်- ' ဟင်း .... ထားလိုက်ပါတော့ ဒါနောက်ဆုံးကူညီတာဘဲ '

သို့နှင့် ဖုန်းထုတ်ကာ သန့်စင်ခန်းသို့ ပြေးသွားလိုက်သည်။

//////////////////////////////////////////////////

လင်းသန့်-" အာ .. ဟုတ်ကဲ့ တောင်းပန်ပါတယ်ခဗျ  လူနာက .. တစ်ယောက်ယောက်ခေါ်သွားပြီထင်တယ် ၊ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "

သန့်စင်ခန်းထဲ၌ ဘာမှမဖြစ်ခဲ့သည်အလား ရှင်းလင်းနေသည်။

' သူဘယ်ရောက်သွားတာလဲ '

M. I ( oc ) Where stories live. Discover now