Chat group
9: 15
(လမင်း) [ moon - ဟေး ရောက်ကြပြီလား? ငါစောင့်နေတာကြာပြီ လာကြတော့😩]
(ဆုလင်း) [ SuL - လာနေပါပြီ နင်ကလည်း ခုဘယ်နားမာလဲ ]
[ moon - Summer ရေခဲမုန့်ဆိုင်နားမာ ]
15 min ကြာပြီးနောက် .....
ဆုလင်း- " အဲ့ ၃ ယောက် ဒီတစ်သက်လာဦးမာလား"
မဒီ - " ..... "
အားလုံး ထိုင်စောင့်ရသည်မာ ပျင်းနေလေပြီ
လမင်း - " ဟေး ဟိုမာ သူတို့ကားမဟုတ်လား "
ဆုလင်း-" ဟုတ်မယ် ငါတို့ကိုရောမြင်ရဲ့လားမသိဘူး "
ကားရပ်တန့်လိုက်သောအခါ ထွက်လာသော ၂ယောက်အား ဆုလင်း မြင်အောင်အချက်ပြလိုက်သည်
မဒီ သူတို့ဆီလျှောက်လာသော ၂ယောက်ကိုကြည့်လိုက်သည် တစ်ယောက်ကတော့ လင်းသန့်ဖြစ်ပြီး
သူ့ဘေးက တစ်ယောက်က Σ(°д°ノ)ノ
'အာ .... သူတို့၂ယောက်က မောင်နှမကြီးလား'
________________________________________အတိတ်သို့ပြန်သွားရသော် ➯➯➯
စာကြည့်တိုက်ထဲတွင် မေမဒီ နား၌နားကြပ်တပ်ထားကာ သီချင်းနားထောင်ရင်း စာအုပ်ရှာနေသည်။
တဖြေးဖြေးလျှောက်ပတ်ရှာနေရင်း အနည်းငယ်အမှောင်ကျသော နေရာသို့ရောက်သွားသည်။
မဒီ သီချင်း၌ စျာန်အနည်းငယ်ဝင်သွားပြီး ရောက်နေသည့်နေရာကိုပင် မေ့သွားကာ သီချင်း ယောင်ဝါးလိုက်ဆိုမိလိုက်သည်။ ထွက်လာသောအသံမာ အမှန်တကယ်ပင် အဆင်ပြေမနေပေ အစပိုင်းတွင် လျှာလေးနေပြီး နောက်ပိုင်းကတော့ ဘာဆိုမှန်းမသိတော့ချေ ။
မဒီ ဆိုနေရင်းဖြင့် ရှာနေသောစာအုပ်ကိုတွေ့လိုက်သည် ထို့ကြောင့် စာအုပ်ကိုယူ၍ ထွက်သွားရန်ရှေ့သို့လှည့်လိုက်သည်။
၂လမ်းသာ ခြားသောစားပွဲတွင် မိန်းကလေးတစ်ယောက် မေးထောက်၍ အသံတိတ်ရီနေသည်ကိုတွေ့လိုက်သောကြောင့်
မဒီလည်းသီချင်းဆိုရပ်သွားကာ ခဏတော့ကြောင်သွားသေးသည် နောက်မှပြန်စဥ်းစားမိကာ အလွန်ရှက်သွားတော့သည် ။ ရီနေသောသူအား ပြန်မကြည့်နိုင်တော့ဘဲ ခပ်တည်တည်ဖြင့်သာ ထွက်ပြေးခဲ့လိုက်ချေသည်။
မဒီ သည် ရီမောခြင်းကို အတော်ပင်ကြောက်ရွံ့သည်။ သူမထင်သည်မာ မည်သူမဆို ကောင်းသောအကြောင်းပြချက်နှင့်ဖြစ်စေ မကောင်းသောအကြောင်းပြချက်နှင့်ဖြစ်စေ သူမကိုကြည့်၍တိတ်တခိုးပြောဆိုနေကြခြင်း ရီမောခြင်းသည် သူမအားလှောင်ပြောင်နေသည်ဟုခံစားရစေသည် ။
ထိုသို့လှောင်ပြောင်မှုကိုလည်း မကြာခဏ ခံခဲ့ရဖူးသောကြောင့် အများနှင့်တဖြေးဖြေးဝေးကွာလာရခြင်းထဲမှ အကြောင်းတစ်ခုဖြစ်လာခဲ့သည်။
သို့သော် ဤအခါက်ဖြစ်စဥ်တွင်တော့ လှောင်ပြောင်ခြင်းမပါခဲ့သည်ကို မဒီ မဆုံးဖြတ်နိုင်ခဲ့ပေ။
မည်သည့်ခံစားချက်များမပါသော သာမန်သဘောကျခြင်း၍ ရီမောခြင်းပင် ။
_______________________________________လက်ရှိသို့ ⪻⪻⪻
ရှေး ဆုလင်းတို့နားရောက်သည်နှင့် ဘေးတွင်ထိုင်နေသော သူမ ကိုသတိပြုမိလိုက်သော်လည်း ဘာမှမပြောပေ ။ အပြုံးဖြင့်သာကြည့်လိုက်သည်။