⏱️ 12:00
အတန်းတိုင်း အတန်းတိုင်းမှကျောင်းသားများ ယခုမှ အသက်ရှင်သွားသလိုထွက်လာကြသည်။
သို့သော်လည်း တချိိ့ကတော့ ခဏသာခံစားလိုက်ရသည်။ ကိုယ်လျှောက်မည့်လမ်းအတွက် ရွေးချယ်ရသည့် အတန်းသို့ စာရင်းသွင်းရမည်ဖြစ်သောကြောင့်ပင်။
ဤကျောင်းတွင် ဘာသာရပ် ၃ခုသာ တူညီကြပြီး ထို၃ချိန်ပြီးသည်နှင့် ရွေးချယ်ထားသောအတန်းသို့ဆက်လက်တက်ရောက်ရမည်ဖြစ်သည်။
မည်သည့်အချိန်ကိုမဆို အတန်းလစ်သည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ အကြောင်းပြချက်တစ်ခု သေချာစွာမတင်ပြနိုင်လျှင် မိမိ၏ကိုယ်ပိုင်အမှတ် လျှော့ချခံရမည်ဖြစ်သည်။ အနည်းဆုံးသတ်မှတ်ထားသည့်အမှတ်ထက် လျှော့နည်းသွားလျှင် ကျောင်းထုတ်ခံရမည်ဖြစ်သည်။
ရွေးချယ်နိုင်သည့် အတန်းများစွာရှိလေေသည်။
ဆေးသိပ္ပံ
စိုက်ပျိုးရေး
ပန်းချီ
အချက်အပြုတ်
စီပွားရေး
ဂီတ
အင်ဂျင်နီယာ
နည်းပညာ တို့မာ အရွေးအများဆုံးဖြစ်သည်။
ယခုအချိန်တွင်တော့ အချို့ကျောင်းသားများ စာရင်းသွင်းရန် သွားနေကြပြီဖြစ်သည်။ ထိုထဲတွင် ရှေး နှင့်nova တို့၂ယောက်လည်းပါသည်။
အတန်း A ချင်းလည်းတူသလို ရွေးချယ်ထားသော ဌာနလည်းတူညီသည် ဆေးသိပ္ပံ ပင်။
၂ယောက်သား ဆေးကျောင်းဆောင်သို့ဦးတည်ရင်းလျှောက်လာသည်မာ လမ်းတစ်ဝက်နီးနီးရှိပြီဖြစ်သည်။ လမ်းတွေစိုက်ပျိုးထားသော သစ်ပင်ကြီးများမာ အလွန်ပင်စိမ်းစိုနေ၏။
၂ယောက်လုံး ချောမောလှပသော ရုပ်ရည်များပိုင်ဆိုင်ထားသောကြောင့် လမ်းရှိလူအများကြားတွင်ထင်းနေ၏။ အချို့ယောကျာ်းလေးမိန်းကလေးများကတော့ ပေါ်တင်ငေးနေကြသည်။ အထူးသဖြင့် nova ဖြစ်သည် ရေသူမျိုးနွယ်မှဆင်းသက်လာသော မည်သူမဆို မတူညီသည့်အလှကိုယ်စီဖြင့် နူ့ညံ့သောရုပ်ရည်ရှိကြသည်။
![](https://img.wattpad.com/cover/384720212-288-k377399.jpg)