"မှတ်ပုံတင်နံပါတ်စဥ်းစားနေတာ"
မေမဒီ တခုခုစဥ်းစားမိကာ အနည်းငယ်ဝမ်းသာစွာဖြင့် " ဆေးကျောင်းလာအပ်တာလား"
လင်းသန့် " no ၊ ပန်းချီဌာနကိုသွားမလို့ဘဲ ၊ ဖြတ်သွားရင်း မင်းကိုတွေ့တာဘဲ ၊ တစ်ခုခုအခက်တွေ့ပုံပေါ်လို့လေ"
အစက လင်းသန့် ဆေးကျောင်းလာအပ်သည်ထင်၍ အဖော်မမဲ့တော့ဟုဝမ်းသာသွားသော်လည်း ထင်သလိုမဟုတ်သဖြင့် မဆိုသလောက်တော့ဝမ်းနည်းသွားသည်။
"ရပါပြီ ၊ ငါအခုမှတ်မိလာသလိုဘဲ"
"အင်း အဲ့ဒါဆိုရင် ငါသွားတော့မယ်နော် bye-bye" ဟု လက်ယမ်းပြလိုက်သည်။
"အွန်း"
အတန်းအပ်ချိန်သည် 2နာရီတွင်ပြည့်မည်ဖြစ်ပြီး မနက်ဖြန်မှသာ စသင်မည်ဟုဆိုသည်။
ရှေ့ဘာသာရပ် ၃ခုကို 6လသင်မည်ဖြစ်ပြီး သည်နှင့် examဖြေရမည်ဖြစ်သည်။ ထို့နောက်တွင်တော့ ထိုဘာသာရပ် ၃ခုအနက် မိမိအထူးပြုလိုသည့်ဘာသာကိုဆက်လက်တက်ရောက်ချင်လျှင်လည်းရသည်။
အချို့သောဌာနအနဲစုများကဲ့သို့ ဆေးကိုရွေးချယ်ထားသူများသည် ၆လပြီးသည်နှင့် ဆေးသာဆက်တက်ရမည်ဖြစ်သည်။
ထို့ကြောင့် ဤ 6လ အတောအတွင်း မနက်ပိုင်း3ဘာသာလဲသင်ရမည် ၊ ညနေပိုင်းတွင်လည်းဆေးကျောင်းတက်ရမည်ဖြစ်သည် ကျောင်းသားများအား စာအမြည်းကျွေးထားခြင်းဖြစ်သည်။
🕰 🕰 🕰 🕰 🕰 🕰 🕰 🕰 🕰
" CEO ၊ ဆုံးဖြတ်ပြီးပါပြီလား" ဟု လက်ထောက်ဖြစ်ပုံရသော လူလတ်ပိုင်းတစ်ယောက်ကမေးလိုက်သည်။
CEO ဆိုသောလူသည် ရွှေရောင်ဆံပင်ဖြင့်ခန့်ညားနေသော်လည်း မျက်နှာအနေအထားအလွန်အေးစက်သည်။
"သူ့ကို ဒီကျောင်းမာတက်ဖို့ ကြည့်စီစဥ်ပေးလိုက်"ဟုပြောကာ ဖိုင်တစ်အုပ် စားပွဲရှေ့တွင်ချလိုက်သည်။
"C.."
"သွားတော့ ၊ ငါအနားယူချင်ပြီ " ဟုဆိုခဲ့သောကြောင့် လက်ထောက်ဖြစ်သော ဦးဝင်းမင်းသည် စကား ဆက်ပြောမည့်အချိန်ပင် မရလိုက် ။
