လင်းသန့်ကတော့ ကားပါကင်တွင်ရောက်နေကာ ကားထုတ်ဖို့ပြင်နေသည်။
ထိုအချိန် ဆုလင်းက ကားရှေ့တွင်ရပ်တားလိုက်သည်။
"နေဦး ခဏလေး"
လင်းသန့်ကားထဲမှပြန်ထွက်လာလိုက်သည်။
"သန့် နင်သန့်စင်ခန်းသွားဦးမယ်ဆိုလို့ပြီးခိုးပြန်မလို့မဟုတ်လား ၊ ဘယ်အတန်းမှမလျှောက်တော့ဘူးလား"
"အင်း ပျင်းဖို့ကောင်းတယ်"
"ဟယ် တခုခုတော့ယူပါ ဒါမှငါတို့အကြာကြီးအချိန်ဖြုန်းလို့ရမာလေ "
လင်းသန့် ခဏလောက်စဥ်းစားနေကာ
ဆုလင်းစိတ်မရှည်တော့ဘဲ လင်းသန့်ကိုဆွဲခေါ်တော့သည်။"အင်းအင်းအဲအဲ တွေလုပ်မနေနဲ့ ၊ လာ ဟိုရောက်မှနင်ကြိုက်တာလျှောက်တော့ ၊ လမင်းစောင့်နေတယ် ပြီးတော့ နင်ဒီနေ့ကျွေးမယ် ပြောထားတယ်မလား၊ မဟုတ်ရင်စိတ်ကောက်နေပြန်ဦးမယ် "
ဟုဆိုကာခေါ်သွားတော့သည်။"အာ ခဏလေး သော့ကျန်ခဲ့ပြီ"
_____________________________________________
"ဟေး... ဒီမာ ဒီမာ မြန်မြန်လာခဲ့ကြတော့" အပင်အရိပ်အောက်တွင်ရပ်နေသော လမင်းကလှမ်းခေါ်လိုက်သည်။
"နင်တို့သွားတာကြာလိုက်တာ"
ဆုလင်းကတော့ လင်းသန့်ကို မျက်စောင်းထိုးနေသည်။ လင်းသန့်ကတော့ မသိချင်ယောင်ဆောင်နေလိုက်သည်။
"လင်းသန့် နင်ကရောဘယ်ဌာနသွားမာလဲ" ဟု လမင်းကမေးလိုက်သည်။
လင်းသန့်- "မသိဘူး"
လမင်း-"ဟမ် ဘာအဓိပ္ပါယ်လဲ"
ဆုလင်းက ကြားဝင်ပြောလိုက်သည်။
"ကဲကဲကဲ ငါကဂီတ ၊ လမင်းကတော့ အချက်အပြုတ်ထဲဝင်မာ နင်လဲလိုက်ဝင်လေ မဟုတ်လည်း ငါနဲ့ "
"ဟင်း မဝင်ချင်ပါဘူး ဒီလောက်ပျင်းစရာကောင်းတာ ၊ ချက်ပြုတ်တာတွေစိတ်မဝင်စားဘူး ဟင်းချက်ရင်အငွေ့ကဟပ်သေးတယ် အနံ့တွေကပ်ရင် နေရခက်တယ် ပြီးတော့ချက်ပြုတ်ဖို့ မငြိမ်းတစ်ယောက်လုံးရှိနေတာဘဲ အဲ့တော့ အချက်အပြုတ်က no no no ပါ "
ဆုလင်း-"အမလေး......နင်ကငါ့ထက်တောင်ဆိုးနေသေးတယ်"
လမင်း-"အေးလေ အေးလေ"
လင်းသန့်-" ဟ ဒီလိုပြောလို့ဘယ်ရမလဲ ၊ ငါကဟင်းချက်ရတာဘဲမကြိုက်တာ နင့်လို ကိုင်ခါနီးထိုင်ခါနီးဆိုရင် ဆေးတွေတရူးရူးဖြန်းမနေဘူး "
ဆုလင်း - " ဘာဘဲဖြစ်ဖြစ်"
လမင်း-" ရပ် .... ငါတို့သည်တစ်သက် သွားဖြစ်ဦးမာလား"
လင်းသန့် စဥ်းစားကြည့်လိုက်သည် အကုန်လုံးက သူစိတ်မဝင်စားသည်ကြီးသာ 'ဘာရွေးရင်ကောင်းမလဲ'
တွေးပြီးနောက် နောက်ဆုံးတော့ တစ်ခုအကြံပေါ်လာသည် 'ဒါဘဲ ဟုတ်ပြီ'
ဆုလင်း - "ရသွားပြီလား"
"အင်း" "နင်တို့ ဌာနကိုအရင်သွားရအောင်"
လမင်း- " ရေ့ ...သွားကြစို့ သွားကြစို့ (≧∇≦)/"
////////////////////////////////////////////////
ဆေးကျောင်း စာရင်းပေးရာနေရာ၌
မေမဒီ တစ်ယောက် လူရှင်းသောနေရာတွင် ထိုင်ကာစားပွဲပေါ်တွင်ချထားသော ဖောင်ထဲတွင်အချက်အလက်များ စဥ်းစားဖြည့်နေသည်။ထိုအချိန် စားပွဲကိုခေါက်လိုက်သည့်အသံကြားလိုက်ရသည်။
*တုတ် တုတ် တုတ်*
" ဘာတွေအသည်းအသန် စဥ်းစားနေတာလဲ"
သူမကို ပြောနေသောအသံကြောင့် မေမဒီ မျက်နှာမော့ကြည့်လိုက်မိသည်။