အခန်း B၌
" ကဲ ဘယ်သူမှမလုပ်ချင်ကြဘူးလား ၊ ၂ယောက်တော့ အနည်းဆုံးလုပ်ရမယ် ၊ မဟုတ်ရင် နင်တို့ကတစ်ခုခုဆို အုပ်လိုက်ကြီးလာကြမလို့လား"
(ㆁᴗㆁ✿) "ဟဲ့ နင်လုပ်လိုက်လေ အရင်တုန်းကလည်းလုပ်ဖူးတာဘဲဟာ"
(・ω・*)ー " မလုပ်ဘူး ငါသွေးတိုးရှိတယ်"
(●・ч・) - ???
ကျောင်းသားများသည် နင်လုပ်ငါလုပ်ဖြင့် တွတ်တွတ်ထိုးနေလေသည်။ မည်သူမှမလုပ်ချင်ကြ
"နင်တို့ဘယ်သူမှမလုပ်ချင်ရင် ငါကိုယ်တိုင်ရွေးမယ် အဲ့အခါကျ ငြင်းလို့မရဘူး နောင်အခါနင်တို့တစ်နေရာရာမာဦးဆောင်ရမဲ့အချိန်ဆိုတာ ရှိရင်ရှိလာမာဘဲ ခုကတည်းနဲ့လေ့ကျင့်ထားတာကောင်းတယ် "
Phyဆရာမကြီးပြောပြီးသည်နှင့် အခန်းထဲဝေ့ကြည့်လိုက်သည်။အချို့ကျောင်းသူကျောင်းသားများမာဆရာမ၏သိန်းငှက်မျက်လုံးမှ ရှောင်ချင်သော ကြောင့် ခေါင်းအလိုလို ငုံ့မိပြီးသားပင်ဖြစ်နေကြသည်။
"ဟိုအလယ်တန်းက ဆံပင်အမဲရောင်နဲ့သားလေး"
လင်းသန့် သူ့ကိုယ်သူလက်ညိုးထိုးပြလိုက်သည်။
"ကျွန်တော်လားဗျ ? "
" အေး ဟုတ်တယ် "
" လာ အရှေ့ကိုထွက်ခဲ့ပါဦး "
"ဟဲ့ အဲ့အဆင်လေးကဘယ်သူလဲ ချောလိုက်တာ"
" နင် မိတ်ဆက်တဲ့နေ့ကမှ မလာတာ သူ့နံမည်က လင်းသန့်တဲ့ တနည်းပြောရရင်ငါ့ရည်းစားလောင်းပေါ့ဟာ "
"သေလေ"
လင်းသန့် ထိုင်နေရာမှ ရှေ့သို့ဆင်းလာခဲ့လိုက်သည်။
" ကဲ ဟုတ်ပြီ နောက်တစ်ယောက်ရွေးကြရအောင် "
" Teacher , ခဏလောက်ပါ "
Phyဆရာမ သည် 'ဘာလဲ' ဟူသောအကြည့်ဖြင့်လှည့်ကြည့်လာသည်
လင်းသန့် သူသိချင်သောအရာကိုမေးလိုက်သည်။
" ဘာလို့ ကျွန်တော်လဲဗျ "
" ငါ့မျက်လုံးထဲမာ မဲတောက်နေလို့ပေါ့ "
"ဗျာ?"
"ဆံပင်လေ"
"အော် ... ဟားဟားဟား ဟုတ်ကဲ့"
"နောက်တစ်ယောက်က .. "
"သမီး!.. သမီး!"
လျင်မြန်သောအရှိန်ဖြင့် ကောင်မလေးတစ်ယောက်ညာလက်ထောင်ပြလာသည်။
" လာလာ"
ဟု ခေါ်သံကြားလိုက်သည်နှင့် ရှေ့သို့ ချက်ချင်းပြေးရပ်လာသည်။ သွက်သွက်လက်လက်နှင့် ချစ်ဖို့ကောင်းသူလေးပင်
ထိုအချိန် *ကလစ်*
" Hello ဆရာမ ရှိလားမသိဘူး "ခန်းအပြင်မှ ဆရာတစ်ယောက်ဝင်လာခြင်းဖြစ်သည်။
"ဟုတ်ကဲ့ ရှိပါတယ်ရှင့် ဘာကိစ္စလဲမသိဘူး ဆရာ"
" ဟော့ဒီမာ ကျောင်းသားအသစ်လာပို့တာပါခဗျ လူရသေးလားမသိဘူး "
"အော် .. ဟုတ်ကဲ့ ရပါတယ်ဆရာ လာပါရှင့် "
ဆရာဖြစ်သူက နောက်သို့လှည့်ကာ
"ကဲ ဝင်လို့ရပြီ ကျောင်းသားလေး "
"ဟုတ်"
ထိုအခိုက်အတန့်၌ အားလုံး၏အကြည့်များသည် ဝင်ပေါက်သို့သာရှိနေကြသည်။
အခန်းထဲသို့ ရှည်လျားသော ခြေတံရှည်ဖြင့် လူငယ်တစ်ယောက်ဝင်ရောက်လာသည်။ ရွှေအိုရောင်ဆံပင် နှင့်ချောမော တောင့်ဖြောင့်ကာ တောက်ပနေသည်ဟုခံစားရစေသည်။
" ဝိုး ....... "
" ကဲ....လာ ၊ သား " "အားလုံးကိုမိတ်ဆက်လိုက်ပါဦး"
" hello အားလုံးဘဲ
ကျွန်တော့်နံမည်က နေလင်းထက်ပါ ၊ တွေ့ရတာဝမ်းသာပါတယ် "မိန်းကလေးများ " ဝမ်းသာပါတယ် ဝူးးးးးး"
မနှစ်ကကျထားသည့် စီနီယာမိန်းကလေးများက
" နောက်ဆုံးတော့ ငါတို့ Bတန်း ကံဇာတာတွေတက်လာပြီဟဲ့ omg "မိန်းကလေးများကတော့အပျော်လွန်နေပြီး
ယောကျာ်းလေးများကတော့ အတွေး နှစ်ခုသာရှိသည် " ကျွန်ုပ်၏ချိုမြိန်သော ကျောင်းသားဘဝ (အပိုင်း၁) ဇာတ်သိမ်း" နှင့် " အတန်းပြောင်းလို့ရသေးလား " ဟူ၍ထို့နောက်တွင်တော့ နေလင်းထက် ခမျာ ရောက်ရောက်ချင်းနေ့မာပင် အတန်းခေါင်းဆောင် ၃ယောက်ထဲပါသွားတော့သည် ။
အဘယ်ကြောင့်ဆိုသော် phyဆရာမသည်ကျီးကန်းဖြစ်သောကြောင့်
[ ၂ယောက်သားတွေ့ကြပါပြီ မြန်သွားလားတော့မပြောတတ်ဘူး ʕ; •'ᴥ•'ʔ အရေးအသားမကောင်းရင် ခွင့်လွှတ်ပေးကြပါဦး ]
