Part - 1

100 2 0
                                    

[  ဤ ficတွင်ပါဝင်သော အကြောင်းအရာများသည် စိတ်ကူးယဥ် ဖန်တီးထားခြင်းဖြစ်ပါသည်။  ]

YS တက္ကသိုလ်၌

" ဟိတ် ဟိုကောင်ရပ်လိုက်စမ်း" တံခါးစောင့် ဦးလေးကြီးတစ်ဦးထံမှ အသံဖြစ်လေသည်။

၉ နာရီထိုးပြီး ၁၅ မိနစ်တွင်ကျောင်းနောက်ဘက်သို့စစ်ဆေးရန်သွားချိန် ကျောင်းနောက်ဘက်အုတ်တံတိုင်းမှကျော်တက်နေရင်း ခုန်ချလာသော လူငယ်တစ်ဦးကိုတွေ့လိုက်ခြင်းဖြစ်သည်။

ထိုလူငယ်သည် လူကိုတွေ့တွေ့ချင်းပြေးလိုက်သော်လည်း ယနေ့သည်သူ့အတွက် ကံကောင်းမနေပေ။

အစောင့်နှင့်တည့်တည့်တိုးခြင်းကြောင့် ကျောင်းအလယ်ဝင်းသို့ပို့ဆောင်ခံလိုက်ရသည်။

ထိုလူငယ်လာသော ကျောင်းသည် အသွင်ပြောင်းနိုင်သော သားရဲများ တက်ရောက်သောကျောင်းကြီးဖြစ်သည်။ လူသားများကတော့ အနည်းစုလောက်သာတက်ကြသည်။

အပင်စား ၊ အသားစား သားရဲများစွာ ကိုမြင်တွေ့ရမည်ဖြစ်ပြီး အားလုံးသည်လူတစ်ပိုင်း သားရဲတစ်ပိုင်း ပုံစံဖြစ်ကြသည်။ ဒါပေါ့ သူသည်လည်းအတူတူဖြစ်သည်။

////////////////////////////////////////////////////

ကျောင်းအလယ်ဝင်းထဲသို့ လူငယ်သည် လွယ်အိတ်ကိုကျောနောက်ဘက်သို့ပို့ကိုင်ထားရင်း ပျင်းရိပျင်းတွဲဖြင့် လျှောက်လာလေသည်။

ပျင်းရိပျင်းတွဲဖြစ်နေသော်လည်း ထိုလူငယ်၏ ချောမောမှုမာ လျော့မသွားဘဲ တစ်မျိုးတစ်ဖုံကြည့်ကောင်းနေပြန်သည်။

ထို့နောက် ကျောင်းဝင်းအလယ်တွင် မတ်တပ်ရပ်နေသော လူတစ်စုထံသို့ သွားလိုက်သည်။

ထိုအခါ-

"ရို့ ..... အကိုကြီး ရောက်လာပြီလား "

ရွှင်နောက်နောက်အသံဖြင့် ပြောလာသော သူကို လင်းသန့်ကြည့်လိုက်သည်။

' ဟမ့် ဒင်းက ကျေနပ်နေသေးတယ်ရှိသေး '

ဘာမျှမပြောချင်သောကြောင့် လျစ်လျူသာရှုထားလိုက်သည်။ သို့သော်လည်း အနားတိုးလာကာ တံတောင်ဖြင့်တိုက်၍ လာဆွနေသည်။

M. I ( oc ) Where stories live. Discover now