"Hi ကျွန်တော့်နံမည်က စိုင်းလင်းသန့်ပါ လင်းသန့်လို့ခေါ်လို့ရပါတယ် ၊ ဒီဘက်ကရော"
တိတ်ဆိတ် ............
' ငါ .. ငါသူငယ်ချင်းရလာတော့မာလား'
လင်းသန့်အဖြေကို ဆက်စောင့်နေရင်း"မေမဒီ"
အသံသည်အလွန်ပင်သေးလွန်းနေ၏။ လင်းသန့် သည်လည်း မရှင်းလင်း
"အန် ... မေနန်နီ လား"
"မဟုတ်ဘူး မေမဒီ "
"မေနဒီ"
မေမဒီတစ်ယောက်အလွန်ပင်ချွေးပြန်သွားနေသည်။ နောက်ဆုံး၌ သူမ၏အသံကို အားတင်း၍ အနည်းငယ်မြင့်လိုက်သည်။
"မေမဒီ"
"အော် မေမဒီ တွေ့ရတာဝမ်းသာပါတယ် "
"အင်း"
"ဒါနဲ့ အတန်းအချိန်ဇယား ပြပေးနိုင်မလား ၊ ကျောင်းနောက်ကျလာတော့ သေချာမပြင်ဆင်ခဲ့မိဘူး"
မေမဒီ ချက်ချင်းလွယ်အိတ်ထဲသို့နှိုက်ပြီးရှာဖွေလိုက်သည်။ထို့နောက် ဖုန်းထဲတွင်သိမ်းထားသောဇယားကိုပြပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် Ci accountရှိလား chat boxကနေ တဆင့်ပို့လို့ရတာပေါ့"
မေမဒီ သူမ၏accountကိုပြလိုက်သည်။
"Sky , ok" "တွေ့ပြီ addလိုက်ပြီ လက်ခံပေးပါဦး"
တင်း!
" အင်း ၃ချိန်ဘဲဆိုတော့ ကောင်းတာပေါ့"
လင်းသန့် မေမဒီဘက် မျက်နှာမူ၍ "အဖော်နဲ့လာတာလား"
-ခေါင်းယမ်း-
"ကျွန်တော်လဲအတူတူဘဲ ၊ ဒါဆိုခုကစပြီး အတန်းဖော် မေ"
မေမဒီ စိတ်လှုပ်ရှားစွာဖြင့် "ဟုတ်"
"ရှေ့လျှောက်ရင်းရင်းနှီးနှီးနေကြရအောင်" ဟု ဆိုကာလက်တစ်ဖက်ကမ်းလာခဲ့သည်။
မေမဒီ- 'ရက်စ် နောက်ဆုံးတော့ မိတ်ဆွေဖွဲ့နိုင်ခဲ့ပြီ'
//////////////////////////////////////////////////
အတန်းပြီးသွားသော် လင်းသန့်အပျင်းကြောဆန့်လိုက်သည်။"အွန့်"
"မဒီ ဘယ်ကိုပြန်မာလဲ ၊ အတူတူပြန်ကြမလား ငါ့မာကားပါတယ်"
"အ..အင်း"
'အာ .. ယောင်ပြီးလက်ခံလိုက်မိပြီ ၊ အတူတူပြန်ရင် ငါ့စက်ဘီးကို ကျောင်းမာထားခဲ့လိုက်ရမလား၊ အဲ့တာလဲမကောင်းလောက်ဘူး ခိုးခံရရင်ဘယ်လိုလုပ်မလဲ ၊ ဒုက္ခဘဲ ငါပြန်မငြင်းတတ်တော့ဘူး'
"မဒီ မဒီ"
"အင်း...ဟင် "
"ပြန်ကြမယ်လေ"
"ဟိုဟာ ... စက်ဘီးစီးပြန်ကျ"
"ဟမ်?"
'ဒီပါးစပ်နဲ့တော့ (˵•̀෴•́˵)'
"စက်ဘီးပါခဲ့တယ်၊ ဒီနေ့တစ်နေ့စက်ဘီးစီးပြန်လိုက်ဦးမယ်" ၊ "နောက်နေ့လိုက်မယ်"
"အော် ok သွားကြစို့"
"အွန်း"
![](https://img.wattpad.com/cover/384720212-288-k377399.jpg)