Chapter 167
မူရင်းဝတ္ထုအရဆိုလျှင် ကျိုးရွှမ်လန်က သူ့ကို အလွန်အမင်းမုန်းတီးနေရမည်ဖြစ်သည်။
" ကျွန်တော် နဂါးဥတစ်ခြမ်းကို ရှာတွေ့သွားလို့ပါ..."
ကျိုးရွှမ်လန် တီးတိုးပြောလိုက်သည်။" ရှစ်စွမ်း အဲ့ပေါ်မှာ တစ်ခုခုရေးသွားတယ်... ကျွန်တော်လည်း ခေါင်းရှုပ်သွားလို့ သဲလွန်စတွေနောက် လိုက်ရှာခဲ့တာ... အဲတော့မှ ကလေးဘဝမှတ်ဉာဏ်တွေ ပြန်ရလာပြီး ရှစ်စွမ်း ကျွန်တော့်ကို ကယ်ခဲ့တယ်ဆိုတာ သတိရသွားတာ..."
နဂါးဥက အလွန်မာကျောလှ၍ ထိုဥခွံပေါ်တွင် သဲလွန်စချန်ခဲ့ရန် မဖြစ်နိုင်လှပေ။ သို့ဖြစ်၍ ရှန်းလျိုရှန့်က သူ၏သဘောတူညီမှုကြောင့် တစ်စုံတစ်ခုကို ရေးသားထားနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကျိုးရွှမ်လန် သဘောပေါက်လိုက်သည်။
ထို အချိန်က ကျိုးရွှမ်လန်၏စိတ်ထဲ တအံ့တဩဖြစ်သွား၍ စတင်စုံစမ်းခဲ့သည်။
ရှန်းလျိုရှန့် အံ့အားသင့်သွားရသည်။
" ငါ ဘာတွေရေးခဲ့လို့လဲ..."ကျိုးရွှမ်လန်က ပြုံးလိုက်ပြီးနောက် ပြောလာသည်။
" 'ထွက်သွားပါ၊ ငါမင်းကို တစ်နေ့ကျလာခေါ်မယ်၊ ကြိမ်လုံး၊ အပြစ်ပေးမယ်' အဲလိုစာလုံးတွေပါ..."ရှန်းလျိုရှန့် အသံကိုမြှင့်လိုက်သည်။
" အပြစ်ပေးမယ်တဲ့လား... ငါမင်းကို အဲလိုလုပ်ပါ့မလား..."မင်ထန်၏အပြောအရဆိုလျှင် သူ ကယ်တင်ခဲ့သောကလေးက ၄-၅နှစ်အရွယ် ဖြစ်သည်။ ငါးနှစ်သားခန့်သာရှိသေးသော ကျိုးရွှမ်လန်ကို ရိုက်၍ အပြစ်ပေးရန်က...
ရှန်းလျိုရှန့် မကြင်နာတတ်သည့်ပုံစံဖြင့် ပြုံးလိုက်မိသည်။
" မင်းက မလိမ္မာလို့နေမှာပေါ့... မဟုတ်ရင် ငါ အဲဒီလိုပြောပါ့မလား..."ရှန်းလျိုရှန့် တွေးလေတွေးလေ ထိုသို့ဖြစ်နိုင်ချေရှိလေဟု ထင်လာမိသည်။
မည်သည့်အရာကိုမှ မသိရှိ မလေ့လာရသေးသော နဂါးငယ်လေးက ပုန်ကန်ပြီး ဆိုးသွမ်းတတ်ပေလိမ့်မည်။ကျိုးရွှမ်လန် ခဏတာငြိမ်သက်သွားပြီးနောက် ချောင်းဟန့်၍ပြောလိုက်သည်။
" ကျွန်တော် အဲ့တုန်းက နည်းနည်းတော့ဆိုးတယ်ဆိုပေမယ့် ရှစ်စွမ်းနဲ့ဆိုရင်တော့ လိမ္မာပါတယ်..."
