Part 11

120 11 0
                                    

ဒိုဂ​ယောင်းတ​​ယောက်ကိုယ့်မျက်စိ​ရှေ့မှာရှိ​နေတဲ့ကြီးမားလှတဲ့အ​ဆောက်အဦးကြီးကိုကြည့်ကာစိတ်ထဲအလွန်ပီတိဖစ်မိတာ​ကြောင့်မျက်လုံး​တွေမှာမျက်ရည်စ​တွေ​တောင်တွဲခိုလာသည်။ လွန်ခဲ့တဲ့၃နှစ်​လောက်ကအမဖြစ်သူကသူ့ဆီဆက်သွယ်လာပြီး​ဆေးရုံတခုတည်​ထောင်ချင်​ကြောင်း​ပြောလာသည် ဆရာဝန်အလုပ်ကိုမလုပ်ချင်​တော့ဘူးဆိုကာ​နေ့ချင်းညချင်းစီးပွား​ရေး​လောကထဲဝင်သွားသူကအခုလို​ဆေးရုံတည်​ထောင်မယ့်အ​ကြောင်းကို​တော့အားတက်သ​ရော​ပြောပြ​နေတာ​ကြောင့်သူလည်းအမဖြစ်သူရဲ့ဆုံးဖြတ်ချက်ကိုသ​ဘောတူမိသည် ​နောက်​တော့တနှစ်​တောင်မကြာလိုက်သူ့အစွမ်းအစနဲ့သူဖခင်ဖြစ်သူရဲ့ရှယ်ယာဝင်ထားတဲ့လုပ်ငန်း​တွေထဲက​ဆေးရုံတခုကိုသူမက​ငွေပုံ​ပေးကာဝယ်ယူနိုင်လိုက်တယ်ဆိုတဲ့အ​ကြောင်းသတင်းကြားလိုက်ရသည်။ အခု​တော့ဖုန်းထဲက​နေဘဲကြားဖူးခဲ့သည့်သူ့အမပိုင်ဆိုင်တဲ့​ဆေးရုံကိုသူ့မျက်လုံးနဲ့မျက်ဝါးထင်ထင်မြင်​တွေ့​နေရပီ​လေ အမဖြစ်သူအတွက်ဂုဏ်ယူလွန်းတာ​ကြောင့်အ​နောက်ကိုလှည့်ကြည့်မိ​တော့မျက်လုံး​တွေမှိတ်သည်အထိသူ့အား​နွေး​နွေး​ထွေး​ထွေးပြုံးပြကာသွားကြမယ်ဆိုပီးအထဲကို​ခေါ်​ဆောင်သွားသည်

"မမသူငယ်ချင်း​ဒေါက်တာ​ဂျော်ဝန်နူးကိုကြားဖူးတယ်မလား သူလည်းဒီမှာရှိတယ်"

"အာ မင်ဂယူ့ရဲ့ကိုကိုဆိုတာ"

ယူရင်းတချက်ရယ်လိုက်မိပြီးသူငယ်ချင်းဖြစ်သူနဲ့မိတ်ဆက်​ပေးဖို့ရုံးခန်းကို​ခေါ်သွားကာတံခါးတချက်​ခေါက်လိုက်ပီးဖွင့်လိုက်​တော့ "ဟိုနှစ်​ကောင်လုပ်ချလိုက်ပြန်ပီ"

"​ဒေါက်တာ​ဂျော်ဝန်နူး အခုကတာဝန်ချိန်ကြီးထင်တယ်​နော် စိတ်​ကောက်​နေရမယ့်အချိန်မဟုတ်ဘူးလားလို့"

အခန်းတံခါးလည်းဖွင့်လိုက်​ရော "ကိုကို ကျ​တော့်ကိုကြည့်ပါဦး" ဆိုတဲ့ဂင်မင်ဂယူရဲ့ငိုသံပါ​နေတဲ့အသံကြီး​ကြောင့်ယူရင်းအ​ခြေအ​နေကိုချက်ချင်းနားလည်လိုက်သည် ဒါဟို​ရေခဲတုံးစိတ်​ကောက်​နေတာ

"မဟုတ်ပါဘူးဟာ ဒီ​ကောင့်ကိုဆုံးမ​နေတာ"

"မသိပါဘူးဟယ် ငါ့​ဆေးရုံကိုနင်တို့အတွဲချိန်း​တွေ့တဲ့​နေရာအဖြစ်များအသုံးပြုကုန်ပီလားလို့"

𝐇𝐞𝐚𝐫𝐭𝐬 𝐢𝐧 𝐭𝐡𝐞 𝐂𝐫𝐨𝐬𝐬𝐟𝐢𝐫𝐞Where stories live. Discover now