အပိုင်း ( ၂၇ )

76 11 0
                                    

Unicode

"တူ တူ တူ တူ"

"ဒါရုံးတော်နော် သတိရကြဦးဟေ့"

တရားခွင်အတွင်း နှစ်ဘက်ရှေ့နေများ၏ အချေအတင် ချေပပြောဆိုမှုများအကြား တရားသူကြီးဆရာဦးဝင်းမြင့်မှာ အတော်စိတ်ရှုပ်သွားဟန်တူပါသည်။သူ့စားပွဲခုံပေါ်မှ သစ်သားတူကို အဆက်မပြတ်ထုကာ ဝင်ရောက်ဟန့်တားလေသည်။
ထိုတော့မှ နန်းမဟော်သူနဲ့ သူသူဟန်လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ပြုံးစိစိဖြစ်ကုန်ကြသည်။
တရားသူကြီး ထဟန့် ရတော့မှာသူတို့သိသည်လေ ဆွဲချရှေ့နေ နေရာမှာ လိုက်ပေးနေသောရှေ့နေက အိမ်ဦးမောင်ဖြစ်နေသည်ကိုး။ အိမ်ဦးမောင်ဆိုရင် စကားကြွယ်ပြီး အငြင်းသန်လွန်းလှသဖြင့် တစ်ဖက်ရှေ့နေမှာ သတိကြီးကြီးထားရလေ့ရှိသလို တရားသူကြီးမှာလည်း တူ ထထုကာ ဟန့်တားရစမြဲ။

နာရီဝက်လောက်ကြာတော့ တရားခွင်နားပြီမို့ နန်းမဟော်သူနှင့်သူသူဟန်တို့ က ရုံးအပြင်ဘက်သို့် အရင်ထွက်လာကြသည်။အိမ်ဦးမောင်ကတော့ နောက်ငါးမိနစ်လောက်နေမှ မမှုန့်မသုန်မျက်နှာဖြင့် လိုက်ထွက်လာလေသည်။

"အမတို့ ရောက်နေတာကြာပြီလား"

"အင်းတရားခွင် စကတည်းက ဆိုပါတော့ကွယ်"

"ညီမကိုင်ရတဲ့ အမှုအကြောင်း သူသူ့ဆီက ကြားလို့လေ ကိုယ်စိတ်ဝင်စားတာနဲ့ လာကြည့်လိုက်တာ"

"ဟုတ်တယ်အမမဟော် အမှုက တော်တော်စိတ်ဝင်စားစရာကောင်းတယ် မကောင်းတာကတော့ လူတွေပဲ"

"အင်း ခုံပေါ်က ဆရာဦးဝင်းမြင့်တောင် မျက်နှာမကောင်းဖြစ်နေရတာဆိုတော့ ကိုယ်လည်း အတော်အသင့်တော့ သဘောပေါက်ပါတယ် "

Caseကမုဒိမ်းမှုရယ် လုယက်မှုရယ် လူသတ်မှုရယ် အလောင်းဖျောက်ဖျက်မှုရယ် ရောပြွန်းနေသည် ။ဖြစ်စဥ်မှာ ညီအကိုနှစ်ယောက်က မိန်းကလေးတစ်ဦးကို အလိုမတူဘဲ သားမယားပြုကျင့်ကြပြီး သတ်ဖြတ်ပစ်ကာ မိန်းကလေး၏လက်ဝတ်လက်စားများကိုယူဆောင်သွားပြီး အလောင်းကိုလည်း ဖျောက်ဖျက်ထားခဲ့ကြခြင်းပင်။ဒီလောက်အပြစ်တွေများနေတာတောင် သက်သေက တစ်စက်ကလေးမှ ရှာမရသည်မို့ တရားခံမှာ ငွေအင်အားရော နောက်ခံအင်အားပါတော်တော်ကြီးမားမည်ဟု သတိထားမိသောကြောင့် နန်းမဟော်သူပင််အတော်ကလေး စိတ်ဝင်စားနေမိသည်။

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

*သာ၍  ခ်စ္ခ်င္ပါေသးသည္*  *သာ၍ ချစ်ချင်ပါသေးသည်*Where stories live. Discover now