Zawgyi
" စကားကိုဆင်ဆင်ခြင်ခြင်ပြောပါရှင့် ကျမတို့ရုံးကရှေ့နေတွေအကုန်လုံးက ဒီလိုအလုပ်တွေကိုမလုပ်ပါဘူး"
"ဟ... ဒါကမင်းတို့အတွက်ဘာများခက်ခဲနေလို့လဲ ငါပေးတဲ့ငွေကိုယူပြီး စာချုပ်ချုပ်ပေးလိုက်ရုံပဲလေ"
"ကျမတို့ဆီက စာချုပ်စာတမ်းအတုလုပ်မပေးပါဘူးအဲ့ဒါကြောင့်ပါ"
"ဒီလိုပဲလုပ်စားနေတဲ့ရှေ့နေတွေအများကြီးပဲ ဘာလဲငါပေးတဲ့ငွေကနည်းနေလို့လား ဒါဆိုရင်လည်း ထပ်တိုးပေးမယ်"
မသဲအိတုန်ပြောနေသည်ကိုပင်မရဘဲ ဂရံအတု စာရွက်စာတမ်းအတုတွေကို စစ်မှန်ကြောင်းစာချုပ်အတုလုပ်ပေးပြီး ဝယ်သူထံသို့ ဂျင်းထည့်ရောင်းရန် ဒေါ်နန်းမဟော်သူ၏ရုံးခန်းတွင်အရင် လာညှိနေခြင်းဖြစ်သည်။
ဖြစ်ချင်တော့ ဒီနေ့မှဒေါ်နန်းမဟော်သူက မြို့နယ်ရုံးဝင်ရမည်ဆို၍ သူမရဲ့ရုံးခန်းသို့ရောက်မလာသေး။ထို့ကြောင့် ထိုစာချုပ်အတုချုပ်ခိုင်းနေသူနှင့် မသဲအိတုန်တို့ ထိပ်တိုက်တွေ့နေရခြင်းဖြစ်သည်။"ဒီမှာရှင့် ကျမတို့က ဒီလိုအတုလုပ်တာမျိုးတွေမရဘူး လို့ပြောနေတယ်မလား တကယ်လို့တခြားနေရာကငွေပေးလို့ရတယ်ဆိုရင်လည်း အဲ့ဒီရတဲ့နေရာတွေကိုပဲ သွားလိုက်ပါ"
မသဲအိတုန်တော့မသိ ချိုလွန်းကိုကိုကတော့ ပညာပိုင်း၊သိက္ခာပိုင်းနှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာကို ငွေပေးလျှင် ရချင်တိုင်းရနိုင်သည်ဟုထင်ကြေးပေး၍ စော်ကားမော်ကားပြောဆိုနေသောထိုလူအား ဒေါသထွက်လာပြီမို့ ဝင်ပြောမိလေသည်။ဖြစ်နိုင်လျှင် ထပါရိုက်ပစ်လိုက်ချင်တာ ဒေါ်နန်းမဟော်သူရုံးခန်းမို့သာ သူမသည်းခံနေရခြင်းပင်။
"နေပါဦး မင်းကဘာမို့လို့ ဝင်ပြောနေရတာလဲ စာရေးမလား ရှေ့နေပေါက်စလား "
"ကျမတို့ဒီမှာရှိတဲ့သူတွေအားလုံးက ဒီရုံးခန်းမှာအရေးပါတဲ့သူတွေချည်းပဲ ...... အကုန်သူ့နေရာနဲ့သူ တာဝန်ယူထားကြတာမို့ ရှင်ဒီလိုပြောစရာဘာအကြောင်းမှမရှိဘူးလို့ထင်တယ် ပြီးတော့ဒီကနေအခုချက်ချင်းထွက်သွားပေးပါ"
![](https://img.wattpad.com/cover/361592411-288-k649381.jpg)
YOU ARE READING
*သာ၍ ချစ်ချင်ပါသေးသည်* *သာ၍ ချစ်ချင်ပါသေးသည်*
General Fiction*အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမှန်တကယ် တည်မြဲနေနိုင်ပါ့မလား...............* *အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမ...