Zawgyi
"ဒေါက်ဒေါက်"
"သမီးရေ ထတော့လေ 9:00 ထိုးတော့မယ် ကျောင်းသွားရမှာမလား"
ဒေါ်သူသူဟန် အော်ခေါ်နေသော်လည်း ဘာအသံမှပြန်မလာသောကြောင့် အခန်းတံခါးကို အသာတွန်းဖွင့်လိုက်သည်။
"ဟင်းး မယ်မင်းကြီးမလေး အအိပ်မက်လိုက်တာ တကယ်ပဲ"
"သမီး ကိုကို ထတော့ထတော့"
"ဟင် …… အင်းးး"
သူသူ လှုပ်နှိုးလိုက်မှ တအီးအီးတအာအားးနှင့် နိုးလာရင်း
"တီတီလေးကလည်းး မထချင်သေးပါဘူး ပြန်အိပ်ဦးမယ်နော်"
ပြောရင်းနှင့် ဘေးကPooh ရုပ်အားဆွဲဖက်ကာ စောင်ကို ခေါင်းအထိပင်ဆွဲခြုံလိုက်သေးသည်။
"သြော် ဒီကလေးကတော့ ထပါဆို သမီးပြောတော့ ဒီမနက် tutorial ရှိတယ်ဆို"
"အမ် ဟုတ်သားပဲ ဘယ်နှနာရီထိုးပြီလဲ တီတီလေး"
"8:48ပါတော်"
"ဟာ အာ့များ စောစောလာနှိုးတာမဟုတ်ဘူး tutoက 9:30စမှာ တီတီလေးရဲ့ Major - 1 တီချယ်က နောက်ကျရင် ပေးမဖြေပါဘူးဆို"
"ရော် တီတီလေးလည်း မသိဘူးလေ သမီးက အချိန်မှမပြောတာကိုး"
"နောက်ကျတော့မှာပဲ မြန်မြန်သွားပြင်တော့မယ် "
"အခုမှ လောမနေနဲ့ ဒေါ်ကိုကိုရေ ရေချိုးခန်းထဲချော်လဲနေမယ် ဖြေးဖြေးသွား"
"ဟုတ်ဟုတ် ဒါနဲ့ ကိုကို့စောင်လေး ခေါက်ပေးပါလားဟင် တီတီလေးး သမီးနောက်ကျနေပြီမို့ ဟီးးးးး"
အဒေါ်ကို ပြန်ခိုင်းစား၍ ရေချိုးခန်းထဲပြေးဝင်းသွားသည် တော်တော်ချစ်စရာကောင်းသည့် တူမလေးပင်။ စောင်ကို သေသေသပ်သပ်ခေါက်ပေးပြီး ကုတင်ပေါ်ရှိ အရုပ် အရွယ်စုံကို ခုတင်ခေါင်းရင်းတွင် စနစ်တကျစီကာ အိပ်ရာခင်းကိုဖြန့်ဆန့်လိုက်သည်။
"ဟောတော် မြန်လိုက်တာ ရေကော ချိုးခဲ့ရဲ့လား သမီးရယ်"
"ချိုးခဲ့ပါတယ်တီတီလေးရဲ့ ဟီးဟီး"
"အေးအေး အဝတ်စားလဲပြီး ဆင်းလာနော် တီတီလေးမနက်စာပြင်ပေးထားတယ်"
YOU ARE READING
*သာ၍ ချစ်ချင်ပါသေးသည်* *သာ၍ ချစ်ချင်ပါသေးသည်*
General Fiction*အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမှန်တကယ် တည်မြဲနေနိုင်ပါ့မလား...............* *အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမ...