Zawgyi
မဟော်ဒီနေ့ ရုံးဖွင့်ရက်မို့ အလုပ်ကိုယူသွားရမည့် စာရွက်စာတမ်းတွေကိုပြန်စစ်နေသည်။
"ရှစ်နာရီထိုးပြီပဲ"
နံရံပေါ်မှ တိုင်ကပ်နာရီကို တစ်ချက်ကြည့်ရင်း ထိုင်နေရာမှထလိုက်သည်။ထို့နောက် အကျောတစ်ချက်ဆန့်လိုက်သည်။
" ရုံးသွားဖို့ပြင်ဦးမှပါလေ"
ရုံးသွားဖို့ ရေမိုးချိုးပြင်ဆင်ရန် မိမိအခန်းဆီဦးတည်လိုက်သည်။
"ဆရာမလေး ဆရာမလေး"
အိမ်ရှေ့က အသံစူးစူးကြောင့် မဟော်ခြေလှမ်းတွေကို အိမ်တံခါးမကြီးဘက်ဆီသို့ပြန်ရွေ့ရင်း ခြံရှေ့ကို လှမ်းကြည့်လိုက်သည်။
"ပြာတိပြာယာနဲ့ ဘာဖြစ်လာတာလဲဗိုလ်တိုး"
ပဲပြုတ်ရောင်းသည့် မအေးဖြူရဲ့သားအငယ်ဖြစ်သူဗိုလ်တိုးကို မြင်သောကြောင့် မဟော်လှမ်းအော်မေးရင်း ခြံရှေ့သို့ထွက်လာလိုက်သည်။
"ဆရာမလေးကို ကြီးကြီးတင် က ခေါ်ခိုင်းလိုက်တာ အရေးကြီးလို့ သားတို့အိမ်ကို အခုလိုက်ခဲ့ပါတဲ့"
"ဒေါ်လေးတင်က ခေါ်ခိုင်းတာလား ဘာဖြစ်လို့တဲ့လဲ… ဖိနပ်လဲမပါပါလားဗိုလ်တိုး မင်းမျက်နှာကရော ဘာဖြစ်လာတာလဲ လမ်းမှာချော်လဲတာလား"
ခြေထောက်တွင်ဘာဖိနပ်မှမပါဘဲ ခြေဗလာဖြင့်ရပ်နေသော ရှစ်နှစ်အရွယ်ကလေးငယ်၏ မျက်ခုံးထောင့်မှ သွေးအနည်းငယ်စို့နေသော ဒဏ်ရာလေးအားကြည့်ရင်း မဟော်မေးလိုက်မိသည်။
"မဟုတ်ဘူး အဖေရိုက်တာ ပြီးတော့ အဖေနဲ့အမေရန်ဖြစ်ကြတယ် ဆရာမလေး"
"သြော် အေးအေး မင်းဒီမှာခဏစောင့်နေဦးနော်ကြားလား"
"ဟုတ်ကဲ့"
မဟော်အိမ်ထဲသို့ပြန်ဝင်ကာ ဖုန်းနှင့်ပိုက်ဆံအိတ်ကိုယူပြီး အိမ်တံခါးပိတ်ကာ ဆိုင်ကယ်ကိုခြံပြင်ထိတွန်းထုတ်လိုက်သည်။ ပြီးနောက် ခြံတံခါးကို သော့ခတ်လိုက်သည်။
"ဆိုင်ကယ်ပေါ်တက်လေ ဗိုလ်တိုး"
"ဟုတ်"
ထို့နောက် မအေးဖြူတို့အိမ်ဘက်သို့ဦးတည်၍မောင်းထွက်လိုက်သည်။
ထိုအိမ်ရှေ့ရောက်သော် မအေးဖြူတို့လင်မယားရန်ုဖြစ်တာကို လာကြည့်ဟန်တူသည့် စုရုံးရုံး လူအုပ်ကြီးကိုတွေလိုက်ရသည်မို့ ခပ်လှမ်းလှမ်းတွင် ဆိုင်ကယ်ကိုရပ်၍ဒေါက်ထောက်ပြီး ဇတ်သော့ပါခတ်လိုက်သည်။
YOU ARE READING
*သာ၍ ချစ်ချင်ပါသေးသည်* *သာ၍ ချစ်ချင်ပါသေးသည်*
General Fiction*အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမှန်တကယ် တည်မြဲနေနိုင်ပါ့မလား...............* *အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမ...