Zawgyi
"မဟော် တို့ ဒီကလေးကို အိမ်ပြန်ပို့ပြီးရင်ပြန်လာခဲ့မယ် ယူတစ်ယောက်တည်း ညဘက်အပေါ့အပါးသွားရင် ဖြစ်မှာမဟုတ်ဘူး "
"ရပါတယ် ကိုယ့်ဘာသာလျှောက်နိုင်လောက်ပါတယ် စိတ်မပူပါနဲ့"
"ဘယ်ဟုတ်မလဲ အခုတောင် ယူ့ခြေချင်းဝတ်ကယောင်နေပြီကို"
အမှန်တကယ်လည်း အနည်းငယ်ယောင်စပြုနေပြီဖြစ်တဲ့ ညာဘက်ခြေထောက်ကို ငုံ့ကြည့်ရင်း မဟော်ဆက်မငြင်းဖြစ်တော့။
"ဟို...... တီတီလေး သမီးလဲ ဒီမှာပဲအိပ်လိုက်မယ်လေ သမီးကြောင့်ဖြစ်တာဆိုတော့ သမီးတာဝန်လည်း မကင်းဘူး"
မဟော့်ခြေထောက်ဆီမှအကြည့်မခွာဘဲ မျက်နှာငယ်လေးနှင့် သူ့အဒေါ်ကို မဝံ့မရဲလှမ်းပြောလိုက်သော ကလေးမလေးအားကြည့်ရင်း မဟော်တောင် စိတ်မကောင်းချင်ချင် ဖြစ်သွားရသည်။
"သမီးသဘောပဲလေ ဒါနဲ့မဟော်ရော အဆင်ပြေလား"
"ကိုယ်က ရပါတယ် မင်းတို့အဆင်ပြေသလိုလုပ်လေ ကိုယ့်အခန်းဘေးက အခန်းလွတ်မှာ အိပ်လို့ရတယ်"
"ဟုတ်ပြီလေ ဒါဆို တို့ကတော့ မဟော်နဲ့အိပ်လိုက်မယ်လေ ယူညဘက်အပေါ့အပါးသွားချင်ရင် တို့ လိုက်ပို့လို့ရတာပေါ့...... သမီးကတော့ တခြားဘက်အခန်းမှာ အိပ်လိုက်နော်"
"ဟုတ်ကဲ့ တီတီလေး"
ထမင်းစားသောက်ပြီး မဟော်တို့ ဧည့်ခန်းမှာ မအေးဖြူအမှုအပါအဝင် တခြားအမှု ကိစ္စတွေဆွေးနွေးကြသည်။ ဟိုကလေးကတော့ ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေလေသည်။
"ဟိုလေအဒေါ်ကြီး ...... earphone ရှိလားဟင် ရှိရင် ကျမကိုခဏလောက်ငှားပါလား"
"အွန်း ရတယ်လေ ဟိုကTVတင်ထားတဲ့ စင်တွ့လား... အဲ့စင်ရဲ့ညာဘက်က အံ့ဆွဲထဲမှာ earphoneတွေရှိတယ် မင်းဖုန်းနဲ့ အဆင်ပြေမယ့်ဟာကို ယူသုံးလိုက်လေ"
အဒေါ်ကြီးစကားဆုံးသည်နှင့် မလှမ်းမကမ်းမှာရှိတဲ့ TVစင်ဆီ ထသွားပြီး အံ့ဆွဲကိုဖွင့်လိုက်သည်တွင် အရောင်စုံearphone ကိုးစုံဆယ်စုံလောက်ကို တွေ့ရလေသည်။ အဝါနှင့်အနက်ရောထားသည့် earphone တစ်စုံကိုလှမ်းယူလိုက်ပြီး ဖုန်းမှာတပ်လိုက်သည်။
YOU ARE READING
*သာ၍ ချစ်ချင်ပါသေးသည်* *သာ၍ ချစ်ချင်ပါသေးသည်*
General Fiction*အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမှန်တကယ် တည်မြဲနေနိုင်ပါ့မလား...............* *အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမ...