အပိုင်း (၂၁ )

234 26 0
                                    

Zawgyi

အချိန်ကာလအားဖြင့် 5လကျော်လောက် ကြာပြီဖြစ်သော မအေးဖြူရဲ့အမှုမှာ နန်းမဟော်သူနှင့်ကြည်ပြာသူတို့၏ တွန်းအားပေးမှုကြောင့် မြန်မြန်ဆန်ဆန်ပင် အပြီးသတ်အမိန့်ချမည့်နေ့သို့ ရောက်ရှိလာပြီဖြစ်သည်။ထို့ကြောင့် မနက်ထဲက နန်းမဟော်သူနှင့်အတူ ချိုလွန်းကိုကိုတို့အငယ်တွေအားလုံးအပါအဝင် မအေးဖြူ၏ညီမဖြစ်သူနှင့်ကလေးနှစ်ယောက်ပါ တရားရုံးသို့ရောက်ရှိနေကြလေသည်။

မအေးဖြူ၏အမှုအား ဒေါ်နန်းမဟော်သူ လိုက်ပေးနေစဉ်အတောအတွင်း သူမဆီမှာ ချိန်ပါလာဆင်းနေကြသော တပည့်ကလေးနှစ်ယောက်နှင့်ချိုလွန်းကိုကိုတို့အား အမှုလိုက်အတွေ့ကြုံရစေရန် တရားရုံးသို့လာရောက်လေ့လာစေသည်။ဒေါ်နန်းမဟော်သူက တော်ရုံတန်ရုံအမှုမျိုးကိုဆိုလျှင် အမှုလိုက်ပေးဖို့ခဲယဉ်းလှသည်မဟုတ်ပါလား။သူမ၏အကူအညီအား အမှန်တကယ်လိုအပ်နေသော ငွေကြေးချို့တဲ့သူများနှင့် ခက်ခဲကြပ်တည်းနေသူများကိုသာ အမှုလိုက်ပေးလေ့ရှိသည်။တချို့ငွေကြေးတတ်နိုင်သည့် အမှုသည်များကလည်း သူမ၏အရည်ချင်းကိုသဘောကျ၍ အမှုလိုက်ပေးရန် ငွေပုံပေးသည်ကိုပင် လျစ်လျူရှုလေ့ရှိသော အမျိုးသမီးပင်ဖြစ်သည်။ထို့ကြောင့် သူမရုံးမှကလေးတွေအနေနှင့် ဒေါ်နန်းမဟော်သူ ကိုယ်တိုင်လိုက်ပေးသည့်အမှုကို ကြားနာရခြင်းဆိုသည်မှာ သူတို့အတွက်ကြုံတောင့်ကြုံခဲ ရရှိသည့် အထူးအခွင့်အရေးမျိုးပင်။

"ဟိတ် ဟိုဘက်နည်းနည်းတိုးပေး"

ကြားနာမှုအစပျိုးလို့ပင် စီရင်ချက်ချရတော့မည့်အချိန်လောက်ရောက်ခါနီးမှ ပြာတိပြာယာနှင့် ကိုကို့ဘေးနား တိုးထိုင်လာသည့်သူက အမအိမ်ဦးမောင်ပင်။ ဝတ်ထားသည့် စတစ်ရင်ဖုံးအင်္ကျီအဖြူ၏ လည်ထောင်နားက ကြယ်သီးတစ်လုံးကို စိတ်ရှုပ်၍ ဆွဲဖြုတ်လို့ထားသည့်ဟန်။ ထုံးဖွဲ့ထားသော ဆံနွယ်တို့သည်လည်း ပြန်လည်ထုံးဖွဲ့ထားပုံရသည်။နဖူးစပ်တွင် ချွေးစအနည်းငယ်က စို့လို့ နေသေးသည်။

"ရာသီဥတုကလည်းပူလိုက်တာကွာ ဒီနေ့မှ စတစ်ရင်ဖုံးဝတ်လာမိတာမှားတာပဲ"

*သာ၍  ချစ်ချင်ပါသေးသည်*  *သာ၍ ချစ်ချင်ပါသေးသည်*Where stories live. Discover now