အပိုင်း (၂၄ )

280 19 6
                                    

Zawgyi

"ဘာလုပ်မလို့လဲ"

"ဖိနပ်ကိုင်ပေးချင်လို့ပါ"

"ရပါတယ် တို့ဘာသာ သယ်ပါ့မယ်ကွယ်"

"ကျမသယ်ပေးချင်လို့ပါ အမသူသူဟန်ရယ် "

"ရပါတယ်ဆိုကွယ်"

"မရပါဘူး ပေးပါ"

မန်းတလေးမြို့၏ အထင်ကရနေရာများကို သွားလာမည်ဆိုပါက မဟာမြတ်မုနိဘုရားကြီးသည် အဦးဆုံးသော သွားသင့်ဆုံး အဓိကနေရာတစ်ခုပင် ဖြစ်သည်။

ထို့ကြောင့် ဘယ်နေရာမှ မလည်ပတ်ရသေးခင် နံနက်စောစောစီးစီးထဲကပင် မဟာမြတ်မုနိဘုရားကြီးကို ဦးစွာ ဖူးမြော်ရန် နန်းမဟော်သူ တို့ အပျိုကြီးသုံးယောက်နှင့် ချိုလွန်းကိုကိုတို့ သူငယ်ချင်းငါးယောက် အပါအဝင် တုန်တုန်နဲ့အိမ်ဦးမောင်ပါ ရောက်ရှိလာကြခြင်းဖြစ်သည်။

" ငါတို့လည်းဝင်ဦးမှာနော် မုဒ်ဝကြီးမှာ ဖိနပ်လုရင်း ချစ်ကြည်နူး မနေနဲ့ဟေ့"

ဘုရားအဝင် မုဒ်ဝမှာ ဖိနပ်လုရင်း အငြင်းပွားနေသောနှစ်ယောက်ကြောင့် ကြည်ပြာသူ မျက်စိဆံပင်မွှေးစူးရပြီလေ။

"အဲ့ ကြည်ပြာကလည်းလေ …… ကဲ ပြောကုန်ကြပြီတွေ့လား အဲ့တာမင်းကြောင့်ပေါ့"

အခုနောက်ပိုင်း "ယူ"လို့မသုံးတော့ပဲ သူစိတ်မကြည်ရင် မကြည်သလို "မင်း"" မင်း"နှင့် သုံးနှုန်းတတ်သည့်မမသေးသေးလေးက ချစ်စရာလူကြီးပေါက်စလေးလိုပင်။

"အမကမှ မပေးတာ အပြောမခံချင်ရင်  မြန်မြန်ပေးလိုက်ပေါ့လို့"

"မင်းကတော့လေ"

"နော်"

"……"

"နော်လို့ မမ…"

" ရော့ ရော့ ကိုင်ချင်သပဆိုလဲ ကိုင်ခဲ့ ဘယ်လိုဖြစ်နေသလဲကို မသိဘူး မမ မမနဲ့"

"ဟီးးး"

ရှက်ရမ်းရမ်းပြီး နှုတ်ခမ်းလေးဆူကာ သူမဒေါက်ဖိနပ်နီနီလေးကို အိမ်ဦးမောင်လက်ထဲ ထိုးထည့်ခဲ့ရင်း ခပ်သွက်သွက်လျှောက်သွားလေသော အမျိုးသမီးလေးကိုကြည့်ပြီး  အူတွေအသဲတွေယားနေမိသည်။

*သာ၍  ချစ်ချင်ပါသေးသည်*  *သာ၍ ချစ်ချင်ပါသေးသည်*Where stories live. Discover now