Zawgyi
"တီ... တီ"
"ကားဟွန်းသံကြားတယ် အမသူသူဟန်ရောက်လာပြီနဲ့တူတယ်"
"ကျွီ... ဂလောက်"
တံခါးဖွင့်လိုက်စဉ်မှာ မြင်တွေ့ရသော သေးသေးသွယ်သွယ်ချောချောမွတ်မွတ်မျက်နှာလေးက အိမ်ဦးမောင်၏မနက်ခင်းကို ပိုလှပသွားအောင် အားဖြည့်ပေးနေသလိုပင်။
"လာလေ အမသူသူဟန်"
အိမ်ဦးမောင်၏ဖိတ်ခေါ်မှုကြောင့် သူသူဟန့်ခြေလှမ်းတို့က ဖိတ်ခေါ်သူ၏နောက်မှ ထပ်ကြပ်မခွာလိုက်သွားမိသည်။
"ထိုင်ဦးနော်အမသူသူဟန် ကျမက ဘာမှကိုမပြင်ဆင်ရသေးဘူး အားနာလိုက်တာ"
"အားမနာပါနဲ့ တို့ကပြောထားတဲ့အချိန်ထက်စောရောက်လာတာဆိုတော့ တို့ကပဲ ပိုအားနာရမှာမဟုတ်ဘူးလား"
"အဲ့လိုရယ်လဲမဟုတ်ပါဘူး ဒါဆိုခဏစောင့်ပါဦးနော် ကျမ ရေမြန်မြန်လေး သွားချိုးလိုက်မယ်"
"ရပါတယ် အေးအေးဆေးဆေးလုပ်ပါ တို့ဒီကပဲ ထိုင်စောင့်နေမယ်လေ"
"ဟုတ်ကဲ့ ဟိုလေ...အမသူသူဟန် တစ်ခုခုသောက်မလားဟင် အိမ်မှာတော့ ကော်ဖီမစ်ထုပ်တွေနဲ့ လိမ္မော်ရည်ပဲရှိတယ်"
"တော်ပါပြီကွယ် အပြင်ရောက်မှပဲ တစ်ခုခုစားကြတာပေါ့ "
"ဟုတ်ကဲ့ ဒါဆို ခဏစောင့်ပေးဦးနော်"
အိမ်ဦးမောင်ငှားနေသည့်အိမ်က ရေနံကြီးတွေဝအောင်သုတ်ထားသည့် နှစ်ထပ်ပျဉ်ထောင်အိမ်ကလေးဖြစ်သည်။ တခြားလူရိပ်သူရိပ်တော့မတွေ့ရသောကြောင့် သူတစ်ယောက်ထဲနေသည့်ဟန် ပေါ်သည်။ဒါပေမယ့် ဟိုတစ်နေ့ကတော့ သူသူ့ထက် အသက်ဆယ်နှစ်လောက်ပိုကြီးပုံရသည့် အမျိုးသမီးတစ်ယောက် တံခါးလာဖွင့်ပေးတာတွေ့လိုက်ပါသေးတယ်။ဘယ်သူလဲဆိုတာတော့ သူသူလဲ မမေးကြည့်မိပေ။
အိမ်ဦးမောင် လက်ပြန်မကောင်းသေးတာကြောင့် စားရေးသောက်ရေးအတွက် သူသူဟန်က ရုံးဖွင့်ရက်များတွင် နေ့လယ်စာပိုထုပ်လာပေးတတ်ပြီး သွားရေးလာရေးအဆင်ပြေစေရန်က အသွားအပြန်လမ်းကြုံဝင်ခေါ်ပေးနေသည်မှာ တစ်ပတ်ကျော်လောက်ပင်ရှိပြီဖြစ်သည်။အရင်နေ့တွေက အိမ်ထဲထိမဝင်ဖူးဘဲ အိမ်ရှေ့အထိသာလိုက်ပို့ဖူးသည်လေ။ဒါကြောင့်ယခုမှ အိမ်ထဲကို အကဲခတ်နေရခြင်းဖြစ်သည်။အိမ်အတွင်းပိုင်းမှာတော့ ပစ္စည်းများကရှုပ်ပွမနေဘဲ သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ် စီစီရီရီရှိနေသည်။
YOU ARE READING
*သာ၍ ချစ်ချင်ပါသေးသည်* *သာ၍ ချစ်ချင်ပါသေးသည်*
General Fiction*အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမှန်တကယ် တည်မြဲနေနိုင်ပါ့မလား...............* *အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမ...