Zawgyi
"ကိုကို "
"ကိုကိုလို့"
"ဟဲ့ ချိုလွန်းကိုကိုရေ"
"ဘာလဲဟာ ဖြေးဖြေးခေါ်စမ်းပါဟ မိန်းကလေးဖြစ်ပြီးကြမ်းတမ်းလိုက်တာများ"
"ငါ တိုးတိုးသက်သာခေါ်နေတာပဲဟဲ့ နင်မှပြန်မထူးတာ အဲ့တာကြောင့် အော်ခေါ်ရတာပေါ့"
"အေးလေ ဒီဂျပုမ နင့်ကိုခေါ်နေတာကြာလှပြီ"
"ဆောရီး ငါစဉ်းစားစရာလေးတွေရှိနေလို့ မကြားလိုက်မိဘူး"
"ဘာတွေစဉ်းစားနေတာလဲ"
"အတန်းမတက်ချင်လို့ပါဟာ အဲ့တာဘယ်လိုလစ်ရင်ကောင်းမလဲလို့ စဉ်းစားနေတာ"
"အင်း ငါလဲမတက်ချင်ဘူး"
ချိုလွန်းကိုကို၏အတွေးတွေကို ပန်းဥသြကပါ ဝင်ရောက်ထောက်ခံလေသည်။
"ဟဲ့ ချိုလွန်းကိုကိုနဲ့ ပန်းဥသြအစစ်တော့ဟုတ်ပါတယ်နော်"
"စစ်တယ်လေ ဘာဖြစ်လို့လဲ"
"အတန်းလစ်ဖို့ပြောနေလို့လေဟယ်"
"အေးလေ ခါတိုင်း အတန်းလစ်ဖို့အရေးဆို သူတို့မျက်နှာပဲကြည့်နေရတာကို"
ပုံမှန်အချိန်ဆိုအတန်းပျက်ဖို့ မနည်းခေါ်ရသော ပန်းဥသြနှင့် ချိုလွန်းကိုကိုတို့က ဦးစွာအတန်းလစ်ဖို့ အတွဲညီနေလေတော့ ခန့်ထည်တို့လည်းအံ့သြရလေသည်။
" ဒီတစ်ပတ်ကတော့ လစ်လို့မရလောက်ဘူးထင်တယ်နော် tutoအပတ်ကြီး "
"အင်းလေ အဲ့တာကြောင့် tutoလဲပြန်ဖြေလို့ရအောင် ဘယ်လိုအကြောင်းပြပြီးလစ်ရမလဲဆိုတာ ငါစဉ်းစားနေတာ"
"နင်တို့ကဘာလို့လစ်ချင်နေရတာတုန်း စာမကျက်ခဲ့ရဘူးလား"
"မဟုတ်ပါဘူး tutoအတွက်က ရပြီးသား"
"အဲ့တာဆို ဘာလို့တုန်း"
"ငါဒီတိုင်းပျင်းနေလို့ တစ်ရက်လောက်ပျက်ကြည့်ရင် ကောင်းမလားလို့လေ"
"ကိုကိုကရော"
" အဒေါ်ကြီးဆီ သွားမလို့"
"အန်တီမဟော်လား"
YOU ARE READING
*သာ၍ ချစ်ချင်ပါသေးသည်* *သာ၍ ချစ်ချင်ပါသေးသည်*
General Fiction*အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမှန်တကယ် တည်မြဲနေနိုင်ပါ့မလား...............* *အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမ...