အပိုင်း (၂၆ )

55 6 0
                                    


Unicode

"ချလွင် ချလွင်"

ဆိုင်ပေါက်ဝမှ တလွင်လွင်ထွက်ပေါ်လာသော ဆည်းလည်းသံဆီသို့ မဟော့်အကြည့်တို့် လွှဲလိုက်မိတော့ စတိုင်pantအညိုရောင်နဲ့တီရှပ်အဖြူလေး တွဲဝတ်ကာ ကားသော့လေးတရမ်းရမ်းနှင့် ဆိုင်ထဲဝင်လာသော အနှီကလေးမ ။
မဟော့်ကို ချစ်စကားကြိုက်စကား ဖွင့်ပြောပြီးသည့်နေကစပြီး ဒီကလေးရဲ့ ပုံစံလေးတွေ စ တင် ပြောင်းလဲလာခဲ့တာ။ စစချင်း ဖွင့်ပြောပြီးတော့ တစ်ပတ်လောက်အထိကို မဟော့်ရှေ့သို့ပေါ်မလာချေ သို့သော် ညအိပ်ရာဝင်ခါနီးတိုင်းတော့ 'Good Nightအဒေါ်ကြီး'ဟူ၍ ဖုန်း messageတစ်စောင်တော့ ပို့လာလေ့ရှိသည်။
အခုများကျပြန်တော့လည်း မဟော်ရှိနိုင်သည့် နေရာများသို့ ချောင်းပေါက်မတတ် ရောက်ရောက်လာတတ်တာ လေးငါးရက်လောက်ရှိနေချေပြီ။

"ဆိုင်ပိတ်ပါပြီရှင့်"

ဆိုင်က ဝန်ထမ်းမိန်းကလေး၏ စကားသံကထွက်ပေါ်လာသည်။

"ကျမက အန်တီနန်းမဟော်သူဆီလာတာပါ ဒါနဲ့ဒီကအစ်မက အသစ်ထင်တယ်နော်"

ဆိုင်မှာ အလုပ်ဝင်တာတစ်ပတ်မပြည့်သေးသော ကောင်မလေးက သူ့ကိုမသိသည်မို့ ဆိုင်ပိတ်ထားကြောင်း အပြေးအလွှား သွားပြောရှာလေသည်။ဒါကိုသူက ကျေနပ်ဟန်မရ။

"ဟုတ်ကဲ့ ကျွန်မအလုပ်ဆင်းတာ သုံးလေးရက်ပဲရှိသေးလို့ပါရှင့်"

"သြော်...ဟုတ်ကဲ့......ဒါနဲ့အန်တီတော့ ရှိတယ်မလားဟင်"

"ဟုတ်ကဲ့ ရှိပါတယ်ရှင့်"

"ဟိုလေ ဆိုင်ပိတ်တယ်ဆို အစ်မကဘာလို့ဒီမှာရှိနေတာလဲမသိဘူး"

တခြားဝန်ထမ်းတွေ မရှိတော့သည့်ဆိုင်ထဲမှာ ဒီမိန်းကလေးနှင့် အဒေါ်ကြီးပဲ ရှိနေသည့်ဆိုသည့်အသိက စိတ်ထဲဘဝင်သိပ်မကျ။

"ဆိုင်က မနက်ခင်းပိုင်းဖွင့်ပါတယ်ရှင့် အခုနေ့လယ်မှသာ အန်တီကပိတ်လိုက်တာပါ "

"သြော်......ဒါနဲ့ ကျန်တဲ့ဝန်ထမ်းတွေကရော"

"ကျန်တဲ့အမတွေက ပြန်သွားကြပြီရှင့် ကျွန်မက အသစ်ဆိုတော့ အန်တီ့ကို ဆိုင်ကူသိမ်းပေးဖို့ ကျန်ခဲ့လိုက်တာပါ"

*သာ၍  ခ်စ္ခ်င္ပါေသးသည္*  *သာ၍ ချစ်ချင်ပါသေးသည်*Where stories live. Discover now