Zawgyi
ကုသိုလ်တော်ဘုရားကိုရောက်တော့ နေ့လယ်၃:၀၀လောက်ရှိချေပြီ။တောင်ပေါ်က ဆင်းလာသည့်အရှိန်ကြောင့် အားလုံး၏ဝမ်းဗိုက်တို့သည်လည်း တဂွီဂွီအော်မြည်နေကြပြီ။ ဒါတောင် အောင်တော်မူဘုရား ဖူး ပြီးထွက်လာတော့ 63 လမ်းပေါ်က ရှမ်းဆိုင်တစ်ဆိုင်မှာ နေ့လယ်စာအနေနဲ့ ရှမ်းထမင်းပုံစား ဝင်စားခဲ့ကြသေးသည်။
"တို့တွေ ဘုရားအရင်ဝင်ဖူးလိုက်ရအောင်လေ ပြီးမှ ဒီကုသိုလ်တော်ရှေ့က ဆိုင်တန်းလေးတွေမှာ တစ်ခုခုဝယ်စားကြမယ်"
"အဲ့ဒါဆိုလည်း အရင်သွား ဖူး မယ်လေအမကြည်ပြာ တုန်တုန်ဗိုက်ဆာလှပြီ"
"အင်းပါအင်းပါ ဘုရားကိုကပ်ဖို့တော့ ကြာပန်းတွေ ဝယ်ဦးမယ်လေ"
ဤကုသိုလ်တော်ဘုရားဟာ တခြားဘုရားတွေထက် ပိုထူးခြားသည်ဟု ထင်ရတာက ဘုရားပန်းရောင်းသည့်ပန်းသည်လေးများတွင် ကြာပန်းများသာ ပိုအရောင်းများတတ်သောကြောင့်လည်း ပါလိမ့်မည်ထင်သည်။ကျန်သည့် ကံကော်တို့ အုန်းပန်းတို့ဆိုတာ တွေ့ရဖို့ခဲယဉ်း လေသည်။
"ကျွန်တော့်ကို ခရမ်းရောင်လေးတွေချည်း ရွေးပေးပါနော်"
"ကျမကိုတော့ အနီလေးပဲပေးပါနော် ကျမကအနီရောင်လေးဆိုအရမ်းးးးကို ကြိုက်လို့"
ပန်းဝယ်တာတောင် ဒေါ်သူသူဟန်ကို သံရှည်ဆွဲကာ အီစီကလီလုပ်ရင်း ဝယ်ယူနေသောအိမ်ဦးမောင်ကြောင့် အကုန်လုံး၏မျက်နှာမှာ ပြုံးစိစိဖြစ်ကုန်ရသည်။
"ငါတို့ကတော့ ရောင်စုံလေးပဲလိုချင်တာဟေ့"
ကြာပန်းတွေ ဝယ်ပြီးတော့ ကြည်ပြာသူတို့ လူကြီးတွေက ဘုရားဆင်းတုတော်ဆီ ကြာပန်းများကို ဆပ်ကပ်ရန် တန်းသွားကြသော်လည်း ခန့်ထည်တို့ လူငယ်အုပ်စုကတော့ ဘုရားကိုမကပ်မှီ ကြာပန်းများနှင့် ကုသိုလ်တော်ဘုရားဝန်းအတွင်း လှည့်ပတ်၍ ဓာတ်ဖမ်းနေကြသေးသည်။
"ဟဲ့ မြန်မြန်ရိုက်ကြ တီတီလေး လှမ်းကြည့်တယ်နော် အကုန်အဆူခံနေရမယ်"
"နင့်တီတီလေးဆူရင် ငါတို့ကအမအိမ်ဦးမောင်ကို အားကိုးလိုက်မှာပေါ့ နော့အမ"
YOU ARE READING
*သာ၍ ချစ်ချင်ပါသေးသည်* *သာ၍ ချစ်ချင်ပါသေးသည်*
General Fiction*အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမှန်တကယ် တည်မြဲနေနိုင်ပါ့မလား...............* *အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမ...