Zawgyi
"ဒီမှာထိုင်လိုက် ကိုယ် မင်းရဲ့ ဒူးကိုဆေးထည့်ပေးမယ်"
"ရပါတယ် ကျမဘာသာ အိမ်ကျမှ ထည့်လိုက်မယ်"
ဆေးထည့်ရင် နာမယ်ဆိုတာသိလို့ တမင်ပြောလိုက်ခြင်းပင်။ သို့သော်
"ထိုင်ပါ အခုထည့်သွားလိုက် မဟုတ်ရင် ရာသီဥတုအေးလာတာနဲ့ မင်းပိုနာလာမှာ"
ဆေးတွေထည့်ထားသည့် boxဟုထင်ရသော လေးထောင့်ပုံးသေးသေးလေး တစ်ခုကို ဆွဲယူလာ၍ ကိုကို့ရှေ့မှာ ထိုင်ရင်း ပြောလေသည်။ မထည့်မချင်း ဇွတ်ပြောနေမည့်ပုံရသည်မို့
"အဲ့တာဆိုလည်း ကျမဘာသာထည့်လိုက်မယ် ဆေးသာပေးပါ"
"အိုခေလေ မင်းသဘောပဲ ရော့"
ဆေးboxကိုဖွင့်၍ အရက်ပြန်ဗူး ၊ဂွမ်းလုံးအနည်းငယ်၊ဆေးအနီရည်ဗူးနှင့် အနာကျက်ဆေးမှုန့်အဖြူဗူးတို့ကိုလှမ်းပေးလိုက်သည်။
သူမပေးသော ဆေးတချို့ကို ချိုလွန်းကိုကို လှမ်းယူလိုက်သည်။ ထို့နောက်ဆေးထည့်ရန်အတွက် ထိခိုက်မိသွားသည့် ဒူးတစ်ဖက်၏အပေါ်ထိ ထဘီကို ဆွဲတင်လိုက်ပြီး ဆေးထည့်ဖို့ပြင်သည်။
မြင်လိုက်ရသော သူမအသားဖွေးဖွေးတို့ကြောင့် မဟော် မျက်နှာလွှဲမိသည်။ ဒီကောင်မလေး အသားတော်တော်ဖြူတာပဲ။အသားအနည်းငယ် ညိုသည့်မဟော်နှင့်တော့ တခြားဆီပင် ဒါတောင် မဟော်က မန်းတလေးတွင်တော့ ဖြူသည့်အထဲတွင် ပါသေးသည်။ ထိုင်ကြည့်နေရန်မသင့်တော်သည့် အခြေအနေမို့ ထသွားဖို့ ဟန်ပြင်လိုက်သည်။
"အဲ့တာဆို မင်းဒီမှာခဏထိုင်ပြီးနေခဲ့လေ ကိုယ် ရေသွားချိုးလိုက်ဦးမယ် တကယ်လို့ပျင်းတယ်ဆိုရင်တော့ ဟိုကစာအုပ်တွေ ယူဖတ်လို့ရတယ် စာဖတ်ဝါသနာပါရင်ပေါ့"
"ဟုတ်ကဲ့"
သူမအား စားပွဲပေါ်ကရုပ်ပြစာအုပ်များကိုလက်ညိုးထိုးပြကာ ပြောပြီးသည်နှင့် အခန်းတစ်ခန်းထဲဝင်သွားသည်။ ထို့နောက်မကြာခင်မှာပဲ ရေကျသံအချို့ထွက်ပေါ်လာသည်။
မဟော်ရေမိုးချိုးပြီး အိမ်နေရင်းအဝတ်အစားလဲကာ အိမ်ရှေ့ဧည့်ခန်းသို့ ထွက်လာခဲ့သည်။ သို့သော် မြင်လိုက်ရသောမြင်ကွင်းက သူမအား မျက်မှောင်ကျုံ့စေသည်။
![](https://img.wattpad.com/cover/361592411-288-k649381.jpg)
YOU ARE READING
*သာ၍ ချစ်ချင်ပါသေးသည်* *သာ၍ ချစ်ချင်ပါသေးသည်*
Ficción General*အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမှန်တကယ် တည်မြဲနေနိုင်ပါ့မလား...............* *အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမ...