Zawgyi
မဟော့်ခြေထောက်က အဆစ်လွဲသွား၍ ဆေးစည်းပြီး အိမ်မှာပဲသုံးရက်လောက် နေလိုက်ရသည်။ယခုတော့ ပြန်ကောင်းသွားပြီမို့ အလုပ်သွားရပေဦးမည်။
Ring......Ring......
"ဟယ်လို "
"ဒေါ်နန်းမဟော်သူလားဗျ"
"ဟုတ်ပါတယ်ရှင့် ဒါနဲ့ ဘယ်သူလဲမသိဘူးရှင့်"
"ကျနော် ရတနာပုံတက္ကသိုလ် ဥပဒေမေဂျာက ဆရာဦးညီညီအောင်ပါဗျ"
"ဟုတ်ကဲ့ ဘာကိစ္စလေးများ ရှိလို့လဲမသိဘူးရှင့်"
"ဟုတ်ကဲ့ဗျ လာမယ့် သောကြာနေ့ကျရင် ကျနော်တို့ကျောင်းမှာ ဥပဒေရေးရာစာပေဟောပြောပွဲလေးတစ်ခုလုပ်ချင်လို့ပါဗျ အဲ့တာ ဒေါ်နန်းမဟော်သူအနေနဲ့ လာရောက်ဟောပြောပေးနိုင်မလားလို့ ဖိတ်ကြားချင်တာပါဗျ"
"လာမယ့် သောကြာနေ့လားရှင့်"
"ဟုတ်ပါတယ်ဗျ"
"ဟုတ် အဲ့နေ့ အားတဲ့ချိန်ရှိလားဆိုတာလေး ကြည့်ပြီးရင် အကြောင်းပြန်ပေးပါ့မယ်နော် ဒါနဲ့အချိန်လေးကရော ဘယ်အချိန်လောက်ဖြစ်မလဲမသိဘူးရှင့်"
"ဟုတ်ကဲ့ ပွဲကတော့ နေ့လယ် 1နာရီမှ စမှာပါဗျ ဟောပြောချိန်ကတော့ တစ်ယောက်ကို လေးဆယ့်ငါးမိနစ်လောက်ဆို ရပါတယ်ဗျ ဒေါ်နန်းမဟော်သူ အားမယ့်အချိန်ကို ကြည့်ပြီးမှ တခြားဆရာ ဆရာမတွေကို အချိန်ညှိရမှာပါဗျ"
"တခြား ဖိတ်ထားတဲ့သူတွေများလားရှင့်"
"မများပါဘူးဗျ ဒေါ်နန်းမဟော်သူအပါအဝင် လေးယောက်ပဲဖိတ်မှာပါ ကျန်တဲ့သူတွေက မြို့နယ်ရုံးက ဥပဒေအရာရှိ ဒေါ်သူသူဟန်ရယ်၊ ဒေါ်အိမ်ဦးမောင်ရယ်၊ ပြင်ပရှေ့နေကြီး ဦးတောက်ထွန်းဦးရယ်ပါဗျ"
"သြော် ဟုတ်ကဲ့ရှင့် ဒါဆိုခဏနေလောက်ကျရင် အကြောင်းပြန်ပေးပါမယ့်နော်"
"ဟုတ်ကဲ့ဒေါ်နန်းမဟော်သူ ကျေးဇူးတင်ပါတယ်ဗျ"
"ဟုတ်ကဲ့ရှင့် ဒါဆို ကျနော်ဖုန်းချလိုက်တော့မယ်နော်"
"ဟုတ်ကဲ့ပါဗျ"
ဖုန်းချပြီးသည်နှင့် မဟော်ရုံးသွားဖို့ပြင်ဆင်ရသည်။ ရေမိုးချိုးပြီး မျက်နှာကိုနို့ရည်အနည်းငယ်လူးကာ အပေါ်ကနေ သနပ်ခါးကိုခပ်ပါးပါးလိမ်းခြယ်လိုက်ပြီး ပါးကွက်သေးသေးလေးပါကွက်လိုက်သည်။ဆောင်းတွင်းသာဆိုတာ နေ့ခင်းဘက်တွင် ပူနေတတ်သည့် မန်းတလေး၏ရာသီဥတုကြောင့် သနပ်ခါးလူးရတာ အကောင်းဆုံးပင်။ မိတ်ကပ်များနှင့်ဆို ပိုပူသည်ဟု ခံစားရသည်မလား။ ထို့နောက်နှုတ်ခမ်းနီ အညိုဖျော့ဖျော့လေး ဆိုပြီးပိတောက်ခြောက်ရောင်ပါတိတ်ဝမ်းဆက်ကလေးကို ဝတ်ဆင်လိုက်သည်။ ဆံပင်ကိုလည်း သေသပ်အောင်ထုံးဖွဲ့လိုက်သည်။ပြီးနောက်အပေါ်ဝတ်အင်္ကျီနှင့် လက်ကိုင်အိတ်ကိုယူကာ မိမိရုံးခန်းရှိရာသို့ထွက်လာလိုက်သည်။
YOU ARE READING
*သာ၍ ချစ်ချင်ပါသေးသည်* *သာ၍ ချစ်ချင်ပါသေးသည်*
General Fiction*အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမှန်တကယ် တည်မြဲနေနိုင်ပါ့မလား...............* *အမြဲတမ်း အေးဆေးတည်ငြိမ် တိတိကျကျလုပ်ဆောင် တတ်တဲ့သူမနဲ့ မရင့်ကျက်သေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်က အမ...