Intro

9.4K 331 0
                                    

အနမ်းတစ်ခုချင်းစီတိုင်းဟာရှုံးနိမ့်မှုတစ်ခုဖြစ်ခဲ့တယ်......ဆုံးရှုံးပြီလို့ထင်ခဲ့တဲ့အချစ်ကနေလွတ်မြောက်ဖို့ကြိုးစားတဲ့မအောင်မြင်သောအားထုတ်မှုတစ်ခုပေါ့.....
~~~~ **********~~~~~~

နင့်ကိုသတိမရဘဲတစ်ရက်လောက်နေနိုင်မယ်ဆိုရင်

ဒါမှမဟုတ်

နင့်ကိုလုံးဝမေ့ပစ်နိုင်မယ်ဆိုရင်

နင့်ရဲ့တည်ရှိမှု

နင့်ရဲ့အပြုံးတွေ

နင့်ရဲ့ခန္ဓာ

တစ်ချိန်ကငါ့အတွက်ဖြစ်ခဲ့တဲ့နင့်ရဲ့အချစ်တွေ

နင့်ရဲ့ဆွဲဆောင်မှုတွေကိုမေ့ပစ်နိုင်ခဲ့မယ်ဆိုရင်

နင့်ရဲ့ပြင်းရှရှကိုယ်သင်းနံ့တွေ

ဟိုစကားသုံးလုံးကိုငါ့နားကိုကပ်လို့တိုးလျစွာနင်ပြောခဲ့ပုံလေးတွေ

တင်းကြပ်နွေးထွေးတဲ့နင့်ရဲ့ထွေးပွေ့မှုတွေနဲ့ငါတို့အတူအိပ်ပျော်ခဲ့ရတဲ့ညတွေ

နင့်ကိုမေ့ပစ်ဖို့ဆိုတာငါဘယ်တော့မှလုပ်နိုင်မှာမဟုတ်တဲ့အရာတစ်ခုဖြစ်ကောင်းဖြစ်ပါလိမ့်မယ်

ဒါပေမယ့်

မေ့နိုင်မယ်ဆိုရင်

နင်နဲ့ပတ်သက်သမျှအရာအားလုံးငါမေ့ပစ်လိုက်မှာပါ ....

*****************************************

အရမ်းနောက်ကျသွားပေမယ့်ငါနင့်ကိုပြောစရာလေးရှိပါတယ်

နင့်ကိုအခုလိုမျိုးလုပ်မိတဲ့အတွက်တောင်းပန်ပါတယ်

ငါသစ္စာမဲ့ခဲ့တယ်

ငါဟာနင်နဲ့မထိုက်တန်ခဲ့သူပါ

အချိန်တွေပြီးဆုံးလို့ အခါအခွင့်တွေလည်းကုန်ခဲ့ပါပြီ

တိုးလျှိုးတောင်းပန်စရာမလိုခဲ့တဲ့အခွင့်အရေးတွေကိုငါဆုံးရှုံးခဲ့တယ်

ငါ့ရဲ့မျက်ဝန်းတွေ..ငါရဲ့အသိဥာဏ်တွေ..ငါရဲ့နှလုံးသား..တွေဟာမှောင်မိုက်ပီးစုံလုံးကန်းနေခဲ့တယ်

Find Our Way Back To LoveWhere stories live. Discover now