Chapter-1(4)

4.2K 297 4
                                    

Baek ကိုအချစ်ဆိုသည့်အရာနှင့်မိတ်ဆက်ပေးခဲ့သောတစ်စုံတစ်ယောက်ကိုပိုင်ဆိုင်နိုင်ရန်အခက်အခဲများစွာကို Baek ကျော်ဖြတ်ခဲ့ရသည်။သို့သော်လည်း ထိုတစ်စုံတစ်ယောက်ကသာလျှင် Baekနှလုံးသားကိုတစ်စစီကွဲကြေစေခဲ့လေပြီ။ထိုသူ့အပေါ်ထားရှိခဲ့သောသူ့ရဲ့ခံစားချက်များကိုလည်းတူညီသောစကားလုံးဖြင့် Baek မဖော်ပြတတ်ပါ။

သူ Chanyeol ကိုဘယ်လောက်ချစ်ခဲ့ကြောင်း Chanyeol ကိုသိစေချင်သည်။ ဖြူသည်ဖြစ်စေ မဲသည်ဖြစ်စေ Chanyeol ကိုသူချစ်ခဲ့သည်။ နေသာသောနေ့တိုင်းလည်း Chanyeol ကိုသူချစ်ခဲ့သလိုမိုးရွာသောနေ့တိုင်းလည်း သူချစ်ခဲ့သည်။ အခြေအေနေ အချိန်အခါ ဘယ်လိုပင်ပြောင်းပါစေ Chanyeol ကိုသူချစ်ခဲ့ပါသည်။ သူ့ကိုမချစ်နိုင်တော့ပါ ဟု Chanyeol ဆုံးဖြတ်ခဲ့သော်လည်း သူ Chanyeol ကိုချစ်ခဲ့ပါသည်။ သူရဲ့ နှလုံးသားတစ်စိတ်တစ်ပိုင်းက Chanyeol ကိုချစ်နေသေးသည်ဟု Baek ထင်မိသည်...မဟုတ်သေးပါ..သူ့နှလုံးသားတစ်ခုလုံးကိုကချစ်နေသေးတာပါ။

Chanyeol နှင့် Baek တို့အချစ်နှစ်ခုကွားခြားချက်ကတော့ Baek အချစ်တွေကပြောင်းလဲမှုမရှိခဲ့ခြင်းပင်....
ထို့ကြောင့်ပင် ယခုလိုညမျိုးတွင်သူ့ရဲ့ဆုံးရှုံးခဲ့ရသောအချစ်အကြောင်းတွေးရင်မျက်ရည်ကျနေမိခြင်းဖြစ်သည်။ mp3 ကသူတို့နှစ်ယောက်အတူနားဆင်ခဲ့သောသီချင်းကိုကြားလျှင် Baek ပို၍ငိုပါဦးမည်။

one,and two,and three,and four..
ချစ်တယ်ဆိုတဲ့စကားကို Baek ရဲ့နားကိုကပ်လို့ဘယ်နှစ်ကြိမ်များ Chanyeol ပြောခဲ့ပါသလဲ?

five,and six,and seven,and eight...
Baek ရဲ့ခြေလှမ်းတိုင်းနဲ့အတူရှိနေမယ်လို့ဘယ်နှစ်ကြိမ်များ Chanyeol ပြောခဲ့ပါသလဲ?

Nine,and ten,and eleven,and twelve...
Heeran လေးကိုသူတို့ဘဝထဲကိုခေါ်ဆောင်လာပေးလို့ကျေးဇူးတင်တဲ့အကြောင်းဘယ်နှစ်ကြိမ်များ Chanyeol ပြောခဲ့လေသလဲ?

မရေမတွက်နိုင်တဲ့မုသားတွေအများကြီးနဲ့အကျည်းတန်လှတဲ့အမှန်တရားကတစ်ခုထဲရယ် ...

"မေမေ"
တံခါးပွင့်လာပြီး Heeran တစ်ယောက်အခန်းထဲသို့ဝင်လာသည်။ Chanyeol ဆီမှမွေးနေ့လက်ဆောင်ရထားသော Rilakkuma ရုပ်လေးကိုရင်ဝယ်ပိုက်လျက် ....အခန်းမီးကိုဖွင့်ရင်း Heeran က "မေမေ မအိပ်သေးဘူးလား?? Heeran အမှောင်ကိုကြောက်တယ် " ဟုနှုတ်ခမ်းလေးစူကာပြောလာသည်။
သူ့ရဲ့မျက်ရည်တွေကို Baek အမြန်သုတ်လိုက်ရင်း အိပ်ရာပေါ်ရှိသူ့ဘေးနားနေရာကိုလက်ဖြင့်ပုတ်ပြကာ Heeran ကိုခေါ်လိုက်သည်။
"sweetie လေးဒီကိုလာ"

Find Our Way Back To LoveWhere stories live. Discover now