သူ၏ချစ်လှစွာသောသမီးလေး Heeran ခုံတန်းလေးပေါ်ထိုင်နေသည်ကို Chanyeol ကားပေါ်မှတွေ့နေရပါပြီ။ Heeran လေးခေါင်းကိုငုံ့ထားလျက်ခြေတစ်ဖက်ကတော့မြေပေါ်တွင်ရှေ့တိုးနောက်ဆုတ်ကစားလျက်ရှိသည်။ သူမကိုကြည့်ရသည်မှာ အလွန်အထီးကျန်နေပုံပင်..။
Heeran ကိုကြည့်ရင်း Chanyeol ရင်ထဲနာကျင်ရပါသည်။ နောင်တဆိုသည်မှာဖယ်ရှားဖို့ခက်ခဲသောအရာဖြစ်ကြောင်းသူမှတ်သားခဲ့ရသော်လည်းနားမလည်ခဲ့။ယခုတော့သူကောင်းကောင်းနားလည်ခဲ့ပြီးဖြစ်သည်။
တခြားကလေးများကစားကွင်းထောင့်တွင်ပျော်ရွှင်စွာကစားနေကြသည်ကို Heeran ထိုင်ကြည့်နေမိသည်။ သူမဒီလောက်ဝမ်းနည်းနေရချိန်မှာသူတို့ကဘာလို့ပျော်ရွှင်နေရသလဲ? သူမရဲ့စိတ်တစ်ဝက်ကသူတို့ကိုလည်းသူမရဲ့ဝမ်းနည်းမှုတွေကိုခံစားစေချင်သည်..ဒါမှသူမအထီးမကျန်မှာလေ..နောက်စိတ်တစ်ဝက်ကတော့သူတို့တွေဒါကိုမသိတာကိုပဲဝမ်းသာမိသည်လေ..သူမစိတ်ထဲတွင်တွေးရင်းကိုယ့်ကိုယ်ကိုပြောမိသည်။ ရုတ်တရက်မျက်ဝန်းအိမ်တွင်ပြည့်လာသောမျက်ရည်များကို Heeran လက်ခုံဖြင့်အမြန်သုတ်လိုက်မိသည်။
သူ့ကားကိုparkingထိုးပြီးသမီးလေးနှင့်တွေ့ရန်ကားပေါ်မှ Chanyeol ဆင်းလိုက်သည်။ သူ့ကိုတွေ့သည်နှင့် Heeran တစ်ယောက်သူ့ဆီသို့အပြေးလာကာသူ့ဒူးခေါင်းကိုဖက်၍ငိုပါတော့သည်။
"Daddy"
ဒူးတစ်ဖက်ထောက်၍ထိုင်လိုက်ကာ Heeran မျက်ရည်များကို Chanyeol သုတ်ပေးလိုက်သည်။
"Heeran ah ..daddy ဒီမှာရောက်နေပြီလေ"
Heeran ကတော့ပို၍သာငိုနေလေတော့သည်။သူမဝတ်ထားသောကျောင်းဝတ်စုံလေးပင်စို၍နေလေပြီ။ငိုနေလျက်နှင့်ပင်စကားပြောရန်ကြိုးစားနေသောကြောင့်သူမအသံမှာမသဲကွဲ။
"Dad..dy" ခေါ်သံပီးနောက်ရှိုက်သံလေးကတွဲလျက်ပါလာလေသည်။ သူမမျက်နှာလေးသည်လည်းနီရဲလို့နေလေပြီ။
"...သူတို့ကပြောတယ် Heeran မှာ အဖေမရှိဘူးတဲ့..daddy လာကြိုတာတစ်ခါမှသူတို့မတွေ့လို့တဲ့..ပြီးတော့ကျောင်းကလုပ်တဲ့မိဘများနေ့ကိုသွားတာလဲမတွေ့ဘူးတဲ့..အဲဒါမဟုတ်ဘူးမလားဟင်..မဟုတ်ဘူးဆိုတာသူတို့ကိုပြောပေးပါလားဟင် daddy?"
Heeran ၏မျက်ရည်စက်တိုင်းက Chanyeol နှလုံးသားကိုဓားနှင့်ထိုးနေသလိုပင်။
"Heeran ah..အဲဒါမဟုတ်ပါဘူး..Daddy ကအခုလိုမျိုးHeeran နားမှာအမြဲရှိနေမှာ"
YOU ARE READING
Find Our Way Back To Love
FanfictionTranslated chanbaek fic from aff with the same name ^^