ကောင်တာရှိ ဝန်ထမ်းတွင်သူ့စိတ်ကြိုက်ကော်ဖီကို Kyungsoo မှာလိုက်သည်။ ပူပူနွေးနွေးကော်ဖီခွက်ကိုကိုင်ရင်း စားပွဲတစ်ခုဆီသို့သွားလိုက်ကာ Chanyeol ကိုသူစောင့်နေလိုက်သည်။ Chanyeol ကိုရက်အတော်ကြာသူmsg ပို့ခဲ့ ဖုန်းခေါ်ခဲ့ပေမယ့် တစ်ဖက်ကတော့ reply တစ်ခုပင်ပြန်မလာ။ သူအရမ်းစိုးရိမ်မိသွားသည်။ ဒါပေမယ့် Chanyeol သူ့ကိုပဲချစ်သည်မှာသေချာသည်ဟုသာသူတွေးနေလိုက်သည်။ ဒီမနက်ကပင် Chanyeol သူ့ကိုဆက်သွယ်ခဲ့သည်လေ။ သူမိနစ် ၂၀ ခန့်ကြိုရောက်နေခြင်းဖြစ်သည်။ သူစိတ်ဆိုးရန်ဟန်ဆောင်မည်..Chanyeol နှင့်အတူပြောင်းနေရန်မေးရဦးမည်။ ပြောင်းနေမည့်ကိစ္စကိုအချိန်ဆွဲလို့မဖြစ်တော့။ Chanyeol သည်သူ့အပိုင်သာဖြစ်၍ သူ့တစ်သက်တာလက်တွဲဖော်သာဖြစ်ရပေမည်။
ကော်ဖီဆိုင်အတွင်းရှိ ကော်ဖီကြိတ်သံ..ဖျော်သံများက Kyungsoo နားတွင်သာယာလှသည်။ ကော်ဖီပူပူကိုတစ်ငုံချင်းစီသောက်ရင်း ကော်ဖီမှအနွေးဓာတ်များကိုသူရယူလိုက်သည်။ ဘေးစားပွဲများမှ သတင်းစာကိုတစ်ရွက်ဖတ်ပြီး၍နောက်တစ်ရွက်လှန်လိုက်သောအသံက မနက်ခင်းတွင် ထမင်းစားပွဲ၌သတင်းစာဖတ်လေ့ရှိသောသူ့အဖေကိုသတိရစေသည်။ မကြာမီ သူလည်းကိုယ်ပိုင်မိသားစုတစ်ခုပိုင်ဆိုင်ရတော့မည်ဖြစ်သည်။ တွေးရင်းဖြင့်သူပြုံးလိုက်မိသည်။ Chanyeol သည်အတော်အသင့်ငွေကြေးတတ်နိုင်သောသူဖြစ်ရာ သူဘာမှပူစရာမလိုပေ။
ကော်ဖီဆိုင်၏ပုံမှန်ဖောက်သည်များက သူတို့စိတ်ကြိုက်ကော်ဖီများကိုလာရောက်ဝယ်ယူလျက်ရှိသည်။ ရုတ်တရက် Chanyeol ဆိုင်အတွင်းသို့ဝင်လာသည်ကိုတွေ့၍ သူ Chanyeol ကိုလက်ဝှေ့ပြလိုက်ပြီးနေရာမှထကာ Chanyeol အကြိုက် black coffee ကိုသူသွားမှာလိုက်သည်။
"ကဲ အခုတော့ ငါ့ရဲ့ချစ်လှစွာသော bf ကပုန်းနေတဲ့အခွံထဲကထွက်လာပြီပေါ့" ပေါ့ပေါ့ပါးပါးရယ်စရာတစ်ခုလို Kyungsoo ခပ်ထေ့ထေ့ပြောလိုက်သည်။ ပြောရင်း ကော်ဖီပူကိုလည်းတစ်ငုံလောက်သောက်လိုက်သည်။
"Kyungsoo ငါတို့စကားပြောဖို့လိုတယ်"
Kyungsoo မျက်ဝန်းကိုတည့်တည့်စိုက်ကြည့်ရင်း Chanyeol ပြောလိုက်သည်။
Kyungsoo သူ့ဖန်ခွက်ကိုပြန်ချလိုက်ကာ
" သိပ်လိုတာပေါ့ တို့တွေစကားပြောဖို့ ..ဆိုပါဦး ဘာလို့ငါ့ msg တွေကို reply မပြန်တာလဲ ?"
"Kyungsoo -"
Chanyeol စကားမဆုံးလိုက်..Kyungsoo ဖြတ်၍ပြောသည်။
"ဒါနဲ့လေ ငါဒီအပတ်ထဲမှာပြောင်းလာရမလား? အဲ ဒါပိုအဆင်ပြေမယ်ထင်တယ်..တစ်ပတ်ကိုငါနင့်အိမ်သွားတဲ့အခေါက်လည်းမနည်းဘူးလေ..ငါချက်တဲ့လက်ရာကိုမလွမ်းဘူးလား? ပြီးတော့တခြားဟာတွေရောမလွမ်းဘူးလားဟင်?" ပြုံးပြုံးလေးပြောရင်း Chanyeol လက်ကိုလှမ်းကိုင်ရန်သူလက်လှမ်းလိုက်သည်။ Chanyeol ကတော့လက်ကိုချက်ချင်းပြန်ရုတ်လိုက်မိသည်။
YOU ARE READING
Find Our Way Back To Love
FanfictionTranslated chanbaek fic from aff with the same name ^^