'အော် သူ့နာမည်က Baekhyun ကိုး' Jong In တစ်ယောက်တွေးလိုက်မိသည်။မျက်လုံးခပ်ပြူးပြူးနှင့် Chanyeol ၏အတွင်းရေးမှူးကတော့ Kyungsoo တဲ့..ရုတ်တရက် Chanyeol ၏အသံက Jong In ရဲ့အတွေးတွေကိုပြတ်သွားစေသည်။
"Jong In ရေ သူက Byun Baekhyun ပါ..marketing department ရဲ့ဌာနမှူး..အလုပ်နဲ့ပတ်သက်လို့မေးစရာရှိရင်သူ့ကိုဆက်သွယ်လို့ရတယ်"
"ဟုတ်ကဲ့ကျွန်တော် Baekhyun ပါ..အတူတွဲလုပ်ခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်"Baek ကလက်ဆွဲနှုတ်ဆက်ရန်လက်ကိုကမ်းပေးရင်း မိတ်ဆက်လိုက်သည်။Baek ရဲ့လက်တွေကသူကိုင်ဖူးသမျှထဲမှအနူးညံ့ဆုံးပါလားဟု Jong In တစ်ယောက်တွေးနေမိသည်။ Baekhyun ဆိုတာလူချောလေးဟုခေါ်ရပေမည်။ နူးညံ့တဲ့မျက်ဝန်းလေးတွေကခံစားရနေရသမျှကိုဖုံးကွယ်ချင်နေသယောင်..နှုတ်ခမ်းပါးလေးတွေကနှင်းဆီပွင့်ဖတ်တွေအလား..Baekhyun Baekhyun ...အခုလိုခဏလေးတွေ့လိုက်ရရုံနှင့် သူ့ကိုကာကွယ်ပေးချင်စိတ်တွေဖြစ်လာသလို Baek အကြောင်းကိုလည်းပိုသိချင်လာမိသည်လေ...ဘာလို့ဒီလိုခံစားရသလဲဆိုတော့ Jong In ကိုယ်တိုင်လည်းမသိပါ..."ကျွန်တော်လည်းအလုပ်တွဲလုပ်ရတာဝမ်းသာပါတယ် ခင်ဗျာ" အတွေးလွန်နေရာမှအမြန်ပြန်ဖြေလိုက်ရပါသည်။
"နေ့လည်စာစားချိန်တောင်ရောက်ပြီပဲ သွားကြရအောင်" အားလုံးက Baek အပေါ်အာရုံရောက်နေသည်ကိုမလိုလား၍ Kyungsoo ကစကားစလိုက်ခြင်းဖြစ်သည်။
".Jong In-ssi တို့နဲ့အတူလိုက်စားပါလား ..ဒီနားမှာစားကောင်းတဲ့ဆိုင်ရှိတယ်..ပြီးတော့Baekhyun-shi...."
Chanyeol စကားကိုဆုံးအောင်မစောင့်ပဲ Baek ခေါင်းကိုခပ်သွက်သွက်ခါလိုက်မိသည်။"ရပါတယ် ကျွန်တော်လုပ်စရာလေးတွေရှိသေးတယ် သွားနှင့်ကြပါ မလိုက်တော့ဘူး"
ပြောရင်းနှင့်ထွက်သွားရန် Baek ပြင်လိုက်သည်။ Jong In ရှေ့မှဖြတ်လျှေက်တော့ရုတ်တရက် Jong In က Baek ရဲ့လက်ကိုလှမ်းဆွဲကာတားသည်။"ဘယ်သူကများနေ့လည်စာစားချိန်အလုပ်လုပ်လို့လဲ Baekhyun-ssi ရယ် ကျွန်တော်တို့နဲ့အတူလိုက်စားပါ "
Jong In ကထိုသို့ပြောလာတော့ Baek တစ်ယောက်အခက်တွေ့တော့သည်။ Baek မျက်နှာပေါ်ကမသက်မသာအမူအရာကိုမြင်တော့မှ Jong In ကသူလှမ်းဆွဲထားသောလက်ကိုလွှတ်ပေးလိုက်ကာစကားလည်းပြန်ပြင်ပြောလေသည်။
"ဟိုလေ ကျွန်တော်ဆိုလိုချင်တာက ကျွန်တော်တို့တွေဒီထက်ပိုပြီးရင်းနှီးလာစေချင်လို့ပါ"
YOU ARE READING
Find Our Way Back To Love
FanfictionTranslated chanbaek fic from aff with the same name ^^