Chapter-1(2)

4.9K 333 0
                                    

Chanyeol အတွက်ဆိုလျှင်ဘာမဆို Baek ကလုပ်ပေးမည်ကိုသိရက်သားနှင့်..Baek ရဲ့အိပ်မက်တွေ ဆန္ဒတွေ မျှော်လင့်ချက်တွေအားလုံးကိုသူသိရက်သားနှင့်..Baek ရဲ့ဘဝမှာသူသာမရှိဘူးဆိုလျှင် Baek ရဲ့နှလုံးသားတစ်စစီကွဲကြေသွားလိမ့်မည်ဆိုတာကိုသူသိရက်သားနှင့် Chanyeol တစ်ယောက်ဘာလို့များသူ့အပေါ်ကိုအခုလိုလုပ်ရက်လေသလဲဟင်??

တစ်ခါက"ခင်ပွန်း"ဟုသူခေါ်ခဲ့သောသူကိုမေးချင်သောမေးခွန်းတွေထောင်သောင်းမက Baek တွင်ရှိပါသည်။Chanyeolရဲ့စိတ်ကိုပြောင်းလဲသွားအောင် Baek မစွမ်းဆောင်နိုင်ခဲ့ပါ ..အထူးသဖြင့် Chanyeolရဲ့ ခံစားချက်တွေကိုပေါ့ သူမပြောင်းလဲပစ်နိုင်ခဲ့တာ..Chanyeol ကိုမေးချင်သော 'ဘာကြောင့်လဲ' ဆိုသောမေးခွန်းတွေကိုသူ့ကိုယ်သူသာပြန်မေးခဲ့ရသည်ချည်းသာ...

သူတို့နှစ်ယောက်ရဲ့ relationship ဘယ်လိုစဖြစ်ခဲ့လဲဆိုတာတော့ Baekhyun သေချာမမှတ်မိတော့ပါ..သို့သော် Chanyeol သူ့အပေါ်ပုံပေးခဲ့တဲ့ခံစားချက်တွေကိုတော့သူကောင်းကောင်းကြီးမှတ်မိပါသည်။Chanyeol အနားမှာဆိုလျှင်သူဘဟ်တော့မှနာကျင်ရလိမ့်မည်မဟုတ်ဟုထင်ခဲ့မိသည်။ "နာကျင်မှု" ???? Chayeol ကိုယ်တိုင်ကပင် Baek ကိုနာကျင်စေခဲ့ပြီးဖြစ်သည်။

အချစ်ရဲ့နာကျင်ခံစားရမှုတွေကိုယခုမတိုင်ခင်အထိ Baek လုံးဝနားမလည်ခဲ့ပါ။Chanyeol နာမည်ကို contact list မှာတွေ့တိုင်း..Chanyeol နှင့်ပတ်သက်တဲ့အသေးအဖွဲအရာလေးတစ်ခုကပင် Baek ကိုဒေါသထွက်စေပါသည်။ အကြောင်းရင်းကတော့ရှင်းပါသည်..Chanyeol သည်သူနှင့်မသက်ဆိုင်တော့ကြောင်းအမှတ်ရစေလို့ပင်ဖြစ်သည်။ Baek ရယ် Yeol ရယ် သူတို့ရဲ့နတ်သမီးလေး Heeran တို့သာရှိသောအချိန်သို့ Baek ပြန်သွားချင်ပါသည်။ဖြစ်နိုင်မည်ဆိုလျှင်ဘာမှမဖြစ်ခဲသလိုပင် Baek ဟန်ဆောင်နေချင်ပါသည်။

နှလုံးသားရေ
ကျေးဇူးပြုပြီးမကွဲကြေပါနဲ့တော့
နင့်ကိုဒီလိုနာကျင်မှုတွေပေးခဲ့တဲ့သူကိုကျေးဇူးပြုပြီးမေ့လိုက်ပါ
ကွဲကြေနေတဲ့နှလုံးသားဆိုတာတစ်စစီကြေမွသွားတဲ့ပန်းအိုးလိုပါပဲ..
ကွဲနေတဲ့အပိုင်းအစတွေပြန်ဆက်ဖို့ကြိုးစားနေမိပေမယ့် ပြန်ဆက်ဖို့ဆိုတာအရမ်းခက်ခဲပါတယ်..
ဒီအပိုင်းအစလေးတွေဟာငါပြန်ဆက်ဖို့ကြိုးစားနေတုန်းမှာငါ့အသားကိုပြတ်ရှစေပြီးသွေးစွန်းစေတယ်..
သူ့ကိုအဲ့နေရာကိုအရောက်ပို့ပြီးငါ့ကိုနာကျင်စေဖို့စွမ်းအားပေးခဲ့တာငါကိုယ်တိုင်ပါပဲဆိုတာသိပါတယ်..ငါ့ကိုသူနာကျင်စေလိမ့်မှာမဟုတ်ဘူးလို့ငါယုံခဲ့မိလို့ပေါ့..
ငါ့အတွက်အရာရာဖြည့်ဆည်းပေးမယ်လို့သူကတိပေးခဲ့တယ်
ငါကလည်းငါ့ရဲ့နှလုံးသားကိုသူ့ကိုပေးအပ်ခဲ့တယ်
ဒါပေမယ့်ငါ့ကိုပေးခဲ့တဲ့ကတိကိုနောက်တစ်ယောက်ကိုခွဲဝေပေးလိမ့်မယ်လို့ငါမသိခဲ့မိဘူး..

Find Our Way Back To LoveWhere stories live. Discover now