ရက်အနည်းငယ်ကြာပြီးနောက်
------------------------------
Baek တစ်ယောက်သူစစ်ရမည့်စာရွက်စာတမ်းများကိုပုံမှန်အတိုင်းစစ်နေစဉ်အမြင်အာရုံတို့ဝေဝါးလာသည်။သို့သော်ခဏအကြာပြန်ကောင်းသွားသော်လည်းခေါင်းကဖြင့်သိပ်မကြည်ချင်...ကိုယ်တွင်းမှလည်းအပူရှိန်ကတက်လာသလိုလို..ချွေးစေးများကလည်းချောမောလှသည့် Baek မျက်နှာလေးကိုဖုံးနေလေသည်။ အမှန်တော့ဒီမနက်ပင်ခေါင်းအပြင်းအထန်ကိုက်လျက်သူနိုးလာခဲ့ခြင်းဖြစ်သည်။ ခဏကြာလျှင်သက်သာသွားမည်ဟုသာသူထင်ခဲ့မိ၍ပုံမှန်သောက်နေကျအကိုက်အခဲပျောက်ဆေးသာသောက်လာခဲ့လေသည်။
အဆင်ပြေသွားမှာပါဟုအားတင်းရင်း စစ်ဆေးစရာများကိုသာ Baek အာရုံပြန်စိုက်လိုက်လေသည်။ အလုပ်ကပေးသော စိတ်ဖိစီးမှုများနှင့်သူ၏အဆင်မပြေသောအိမ်ထောင်ရေး စိတ်ဖိစီးမှုများက Baek ကျန်းမာရေးကိုထိခိုက်နေလေပြီ။Heeran အပြင် အလုပ်ထဲတွင်စိတ်နှစ်ထားခြင်းကခဏတဖြုတ်မျှတော့ Baek ကိုသူ၏နာကျင်မှုများမှမေ့လျော့နေစေခဲ့လေသည်။ Baek ၏စိတ်ရောကိုယ်ပါအလုပ်ရှုပ်နေလျင်သူ့နှလုံးသားကတော့ခဏတာမျှငြိမ်းချမ်းနေပေလိမ့်မည်။
မိနစ်အနည်းငယ်ကြာလာတော့သူ့တစ်ကိုယ်လုံးကိုက်ခဲလာသလို ပါးနှစ်ဖက်ကလည်းအဖျားရှိန်ဖြင့်ပူနေလေပြီ။ အကူအညီတစ်ခုခုအော်ဟစ်တောင်းလိုက်ချင်သော်လည်း Baek အသံတွင်အားမရှိခဲ့ ..အသံတိုးတိုးလေးသာထွက်လာသည်။ တစ်ကိုယ်လုံးမှာလည်း အဖျားရှိန်ဖြင့် တုန်လို့နေသည်။
Jong In တစ်ယောက် Baekhyun ကို ညစားထွက်စားရန်ခေါ်မည်ဟုတွေးကာ Baek ရုံးခန်းဘက်သို့ထွက်လာခဲ့သည်။ ရုံးဆင်းအိမ်ပြန်ရန်အချိန်ရောက်နေပြီပဲလေ..လွန်ခဲ့သောရက်အတွင်း Baek နှင့်စကားပြောခဲ့ရခြင်းများက Jong In ကိုပျော်စေခဲ့သည်။ လှပသောမျက်နှာနှင့်လူကောင်သေးသော်လည်း Baek သည်ထက်ထက်မြက်မြက်ရှိလှသည်။ တခြားသူ၏အမြင်ကိုသေချာနားထောင်ပေးသလိုအကျိုးအပြစ်များကိုလည်းထောက်ပြနိုင်သည်။ ပြောင်မြောက်လှသောဖြေရှင်းချက်များက Baek သည်အလုပ်ကြိုးစား၍စိတ်ချယုံကြည်ရသောလုပ်ဖော်ကိုင်ဖက်ဖြစ်ကြောင်း Jong In ကိုနားလည်စေသည်။ Baek နှင့်ပတ်သက်၍ထူးထူးခြားခြားသူသတိပြုမိသည်မှာ Baek အလွန်စည်းကမ်းတင်းကြပ်ခြင်းပင်..အမှားလုပ်မိမည်ကိုလုံးဝမနှစ်မြို့...ထိုအချက်နှင့်ပတ်သက်၍ Baek ကို သူသဘောကျမိသော်လည်းတစ်ခါတစ်ရံတော့ Baek ကိုသက်သောင့်သက်သာနေစေချင်သည်။ ဒါကြောင့်လည်း Baek ကိုသူထမင်းထွက်စားရန်လာခေါ်ခြင်းဖြစ်သည်..အလုပ်ကိစ္စမဟုတ်သောတခြားပုံမှန်အကြောင်းအရာများကို Baek နှင့်ပြောနိုင်မည်ဟုမျှော်လင့်မိသည်လေ..
YOU ARE READING
Find Our Way Back To Love
FanfictionTranslated chanbaek fic from aff with the same name ^^