သူတို့ရဲ့အရင်အိမ်ကို Baekhyun မပြန်ချင်ပါ ..သူ့အတွက်မမှတ်မိချင်တဲ့ memory တွေရှိနေသည်မို့လေ..ထို့ကြောင့် Chanyeol ကပင် Baek တိုက်ခန်းကိုသူတို့နောက်အိမ်မသစ်မဝယ်ခင်အထိပြောင်းနေလိုက်သည်။
ဒီနေ့ Chanyeol တစ်ယောက် elevator မသုံးပဲရိုးရိုးလှေကားကိုသုံးသည်။ဘာအကြောင်းပြချက်ရယ်လို့မရှိ ..သူ့အပြန်လမ်းမှာသူစိတ်လှုပ်ရှားနေမိသည်။ သူ့ခြေလှမ်းများကအနည်းငယ်ခပ်ကြွကြွလေးဖြစ်နေသလို လက်ဖဝါးနှစ်ဖက်ကိုလည်းအချင်းချင်းပွတ်နေမိသည်။ ကလေးငယ်လေးတစ်ယောက်လိုမျိုးသူလျှောက်ပြေးကာအော်ဟစ်ရင်းသူဘယ်လောက်ပျော်နေကြောင်းပြသချင်မိသည်။
သူအိမ်ပြန်မလို့ပါ..
လွန်ခဲ့သောအပတ်တွေကသူနိုးလာတိုင်းခေါင်းရှုပ်နေခဲ့ပြီး Baekhyun ဘယ်မှာလဲ..ဘာလို့သူနှင့်အတူအိပ်ရာထဲမှာရှိမနေတာလဲဆိုတာကိုသူတွေးယူနေခဲ့ရသည်။ တွေးတိုင်းလည်းစိုးရိမ်မှုတွေနှင့်အထီးကျန်သောခံစားချက်များကသာရင်းနှီးစွာပြန်လည်ရရှိခဲ့သည်။ သူ့သမီးနှင့်ဇနီးမရှိသောအိမ်က ဟာလာဟင်းလင်းနိုင်လှသည်။ တခါတလေ သူ့ကိုယ်သူပင်စကားတွေပြောနေမိသည်။
ဒါတွေအကုန်လုံးအဆင်ပြေပြီးသူလွမ်းနေသောသူကိုလည်းသိပ်မလွမ်းလောက်ပဲနေမှာပါဟုသူ့ကိုယ်သူအားပေးနေမိခဲ့သည်။
ဒါပေမယ့်လည်း အလုပ်မဖြစ်ခဲ့ပါလေ..
ညဘက်သူအိပ်မပျော်တိုင်းသူတွေးနေမိတာက Baek ကို သူ့ဘေးနားရှိနေစေချင်ပြီးထွေးပွေ့ချင်တာချည်းပင်ဖြစ်သည်။ သူတို့အတူကုန်ဆုံးခဲ့တဲ့ အမှတ်တရတွေကိုလည်းတမ်းတနေမိသည်။ သူတို့အတူပျော်ပွဲစားထွက်ခဲ့တာတွေ ..ရေလွှာလျှောစီးခဲ့တာတွေ..စက်ဘီးနင်းခဲ့တာတွေ ..Heeran အတွက်စာအုပ်ဝယ်ပေးခဲ့တာတွေ..ဒါတွေအားလုံးကိုသူလွမ်းသည်။
သူ့နှိုးစက်ကိုပိတ်ပြီးတိုင်းဘေးနားမှာရှိမယ့် Baekhyun ကိုသူစမ်းမည်..သို့သော်သူ့ဘေးမှာဘယ်သူမှမရှိ..မီးဖွင့်ကာအလင်းရောင်နှင့်အသားကျသည်နှင့်သူ ပြက္ခိန်မှာနောက်ထပ်ကြက်ခြေခတ်တခုဆွဲမည် ။သူကိုယ်တိုင်တောင်သေချာမသိတဲ့ Baek နဲ့ Heeran ပြန်လာမယ့်နေ့ကိုသူ ရေတွက်ခြင်းပင်.. ရည်ရွယ်ချက်မဲ့စွာသူအဝတ်လဲမည်..မနက်စာအနည်းငယ်စားကာ သူအလုပ်သွားမည်။ အနည်းဆုံးတော့နာရီပေါင်းအနည်းငယ် သူ့ကိုယ်သူ busy ဖြစ်အောင်လုပ်ထားလို့ရသည်။ သို့သော် break time နှင့် နေ့လည်စာစားချိန်တို့ကပို၍ဆိုးသည်..baek ကို company hall မှာသူတွေ့နိုင်သည့်အချိန်ဖြစ်လို့ပင်။
YOU ARE READING
Find Our Way Back To Love
FanfictionTranslated chanbaek fic from aff with the same name ^^