Chapter-2(3)

4.2K 254 3
                                    

Heeran ကိုသူ့မိဘအိမ်တွင်ချထားခဲ့ပြီးနောက် Baek တိုက်ခန်းသို့ Chanyeol တန်းတန်းမတ်မတ်သွားလိုက်သည်။ ယခုတော့သူ့စိတ်ထဲတွင် Baek ကိုတွေ့ချင်သည်ကလွဲ၍ဘာမှမရှိပါ။

လစ်ဟာမှုဆိုသည်ကို Baek နှလုံးသားကခံစားနေရသည်။ သူ့ခံစားချက်များဖြင့်မွန်းကြပ်ပြီးထွက်ပေါက်မရှိအောင်သူပိတ်လှောင်ခံနေရသလို..ဆုံးရှုံးခဲ့ရသောသူ့အချစ် သူ့မိသားစု သူ့ယုံကြည်မှုများကမိနစ်နှင့်အမျှသူ့နှလုံးသားကိုဒဏ်ရာအနာပေါက်လိုဖြစ်စေသည်။ မကျလာသောမျက်ရည်ကိုသုတ်လိုသောဆန္ဒကဖြစ်တည်လာသည်။ သူငိုလိုက်သင့်သည်ကို Baek သိသော်လည်း သူ့ငိုနိုင်စွမ်းတောင်မှမရှိတော့ချေ။

နာကျင်ရတာသူပင်ပန်းနေပါပြီ..
ငိုရတာသူပင်ပန်းနေပါပြီ..
မျှော်လင့်ရတာသူပင်ပန်းနေပါပြီ..
ချစ်ရတာသူပင်ပန်းနေပါပြီ..

တံခါးဖွင့်သံကြားပြီးနောက် Chanyeol အိမ်ထဲသို့ဝင်လိုက်သောအခါ သူ့ဇနီး Baek တစ်ယောက်သူ့ ဒူးခေါင်းကိုသူဖက်လျက်ကြမ်းပြင်ပေါ်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။ TV လည်းမဖွင့်ထား..ဘာအသံမှလဲမကြားရချေ..

"Baekhyun"

"ဘာလို့နင်ဒီကိုရောက်လာတာလဲ Heeran ရော ဘယ်မှာလဲ"

Baek အနားသို့ကပ်ကာ ဒူးထောက်ထိုင်ရင်း Baek မေးခွန်းကို Chanyeol ဖြေလိုက်သည်။

"Heeran ကအခုသူ့အဘိုးအဘွားအိမ်မှာ ဒီညသူအဲ့မှာအိပ်လိမ့်မယ်"

"နောက်မေးခွန်းကိုနင်မဖြေရသေးဘူး ဘာလို့နင်ဒီကိုရောက်နေတာလဲ"
Baek နောက်တစ်ခေါက်ထပ်မေးလိုက်သည်။

အချစ်ဆိုသည်မှာတစ်ခါတစ်ရံနာကျင်စေနိုင်ပေမယ့် တစ်ခါတစ်ရံကျတော့လည်း ကမ္ဘာပေါ်တွင်အလှဆုံးအရာတစ်ခုဖြစ်လေသည်။
သူအချစ်ရဆုံးသောသူကိုတွေ့ရသော Chanyeol အနေဖြင့် ပြောရန်စီစဉ်ထားသောစကားလုံးများပင်မေ့ကုန်သွားရသည်။

"ဒီအတိုင်း ..ကိုယ်မင်းကိုတွေ့ချင်လို့ပါ"
"ဘာအတွက်လဲ? ငါဘယ်လောက်သနားစရာကောင်းလဲဆိုတာလာကြည့်တာလား?"

Chanyeol တစ်ယောက် Baekကိုသူ့အနားဆွဲယူကာဖက်ထားလိုက်သည်။ Chanyeol ၏ထွေးပွေ့မှုက နွေးထွေးလှသည်။ သူ၏သန်မာကြီးမားလှသောလက်များက သေးသွယ်သော Baek ကိုအမြဲကာကွယ်ပေးလျက်။ Baek ရဲ့ပတ်ဝန်းကျင်တစ်ခုလုံးအရည်ပျော်ကျသွားသလို သူခံစားနေရသော နာကျင်မှုများအားလုံးမေ့ပျောက်သွားကာ Chanyeol ရင်ခွင်ထဲသို့သာတိုး၍ဖက်လိုက်မိသည်။

Find Our Way Back To LoveWhere stories live. Discover now