တစ်နှစ်ခန့်ကြာသောအခါ
ကွတ်ကီးမုန့်နံ့များ..ချောကလက်ပူပူအနံ့..ပျော်ရွှင်စွာကစားနေကြသောကလေးများ၏အသံများ..ပျံ့လွင့်နေသော christmas သီချင်းသံများဖြင့်အားလပ်ရက်အငွေ့အသက်ကပျော်စရာကောင်းလှသည်။ Heeran ရဲ့လျှာပေါ်မှာတော့ လတ်လတ်ဆက်ဆက်ဖုတ်ထားသောကွတ်ကီးများက ကခုန်လျက်ရှိသည်။ အရွယ်အစားစုံ အရောင်စုံမီးသီးများဖြင့်အလှဆင်ထားသော ခရစ္စမတ်သစ်ပင်မှမီးရောင်ပြောင်းနေပုံကိုစိတ်လှုပ်ရှားစွာဖြင့်သူမငေးကြည့်နေမိသည်။
သစ်ပင်ခြေရင်းတွင်တော့ရောင်စုံဘူးလေးများဖြင့်ဖဲကြိုးရောင်စုံတို့ဖြင့်ချည်ထားသောလက်ဆောင်ဘူးများကအစီအရီ..Heeran တစ်ယောက်လက်ဆောင်ဘူးဖောက်ဖို့မစောင့်နိုင်တော့..
"Mommy..Daddy အချိန်ကျပြီလေ!! လက်ဆောင်တွေကြည့်ရအောင်"
Chanyeol နှင့် Baekhyun တို့ကော်ဇောပေါ်တွင်ထိုင်ချလိုက်ပြီး Heern သူတို့ကိုပေးမယ့်လက်ဆောင်ကိုစောင့်နေလိုက်သည်။
သူမနောက်ကျောတွင်တစ်ခုခုကိုဖွက်ထားကာသူမအမေနဲ့အဖေဆီကိုတစ်လှမ်းချင်းလျှောက်လာသော Heeran မျက်နှာပေါ်တွင်အပြုံးကမပျက်.."ကဲ တို့ Heeran လေးကဘာပြင်ဆင်ထားလဲ ကြည့်ရအောာင်" ပြောရင်း Heeran ကို Chanyeol လက်ကမ်းကြိုလိုက်သည်။
ထိုအရာမှာ သူတို့မိသားစုပန်းချီပုံလေး..အသည်းပုံကြီးနောက်ခံထားပြီးဆွဲထားသော Baekhyun,Chanyeol နဲ့ Heeran တို့ရဲ့ပုံ..ပန်းချီလက်ရာမှာမသေသပ်လှသော်လည်း Baek တို့အမြင်မှာတော့အလွန်ပြီးပြည့်စုံလှသည်။
"ဒါက မေမေ ဒါကဖေဖေ ဒါက Heeran " ဂုဏ်ယူစွာဖြင့် Heeran တစ်ယောက်ရှင်းပြနေသည်။
Chanyeol မှာ Heeran ကိုပေါင်ပေါ်တင်ထားရင်း သူမပန်းချီကားကိုသေချာကြည့်နေမိသည်။ သူဒီပန်းချီကားကိုဘောင်သွင်း၍ဧည့်ခန်းတွင်ချိတ်ထားရပေမည်။ သို့မှသာသူတို့နေ့တိုင်းတွေ့နိုင်ပေလိမ့်မည်။
Baekhyun က " Heeran ဒါဘာလေးလဲ"
"Daddy နဲ့ mommy ရဲ့လက်ထပ်လက်စွပ်လေ အဲ့ဒါကို ကတိသစ္စာအနေနဲ့ထည့်ထားတာ"
Baekhyun ခပ်ဖွဖွလေးရယ်လိုက်မိသည်။ သူတို့ Heeran ကသူထင်ထားတာထက်ပိုသိသည်ပဲ..
YOU ARE READING
Find Our Way Back To Love
FanfictionTranslated chanbaek fic from aff with the same name ^^