Chapter-3(2)

4.2K 211 4
                                    

" Kiss me"

Baek စကားက ဂါထာမန္တန်တစ်ခုအလားပင် ..Baek မျက်နှာလေးကိုကိုင်လိုက်ရင်း Yeol နမ်းလိုက်သည်။ အထိအတွေ့ကနူးညံ့လှသည်။ အနမ်းလေးကစက္ကန့်အနည်းငယ်တော့ကြာသွားသည်။ သူ့ နှုတ်ခမ်းကို Baek ဆီမှခွာလိုက်သော်လည်း သူ့ထံမှထွက်သက်ဝင်သက်ငွေ့ငွေ့လေးကိုခံစားရလောက်သည့်အနေအထားလောက်တော့ကပ်နေမိသည်။

"Baek ကိုယ်အရမ်းကြောက်စရာကောင်းတာတစ်ခုအိပ်မက်မက်ခဲ့တယ်"

Baekhyun ကတော့သူ့လက်ချောင်းလေးတွေကို Yeol ရင်ဘတ်မှာတို့ထိကစားရင်း

" ဘယ်လိုမျိုးလဲ"

" Baek ကိုယ့်မျက်စိအောက်ကပျောက်မသွားပါနဲ့ကွာ ကျေးဇူးပြုပြီး"

"ဒါဆိုပြန်ထိန်းထားပေါ့ Baek ကိုYeol အနားမှာပဲထားလေ..ပြီးတော့ Baek တစ်ယောက်တည်းကိုပဲချစ်ပေါ့ လုပ်နိုင်မလား"

အနမ်းတစ်ခုကိုမျှဝေနေရင်း Chanyeol ရဲ့အောက်နှုတ်ခမ်းကို ညင်ညင်သာသာလေး Baek ကိုက်လိုက်ပြီး တဖြည်းဖြည်း လည်ပင်းဘက်ဆီသို့ဦးတည်လိုက်ရင်းအနမ်းတဖွဖွပေးလိုက်သည်။

Baek သူ့ကိုလုပ်နေသည့်ချစ်စရာအပြုအမူလေးကြောင့် Yeol ရင်တွေခုန်ရသလို ထိုအခိုက်အတန့်လေးကိုသူတွယ်တာမိသည်။ မြတ်နိုးမိသည်။ သူ့ရဲ့စိတ်ဖိစီးမှုအားလုံးရင်ထဲမှပျောက်ကွယ်သွားပြီး Baekကိုချစ်သောအချစ်များကသာနေရာယူထားတော့သည်။ Baek ထံမှနှုတ်ခမ်းကိုခွာလိုက်ရင်း Baek မျက်ဝန်းကိုသူစေ့စေ့ကြည့်လိုက်သည်။

Yeol ဒူးထောက်ကာ Baek လက်တစ်ဖက်ကိုကိုင်လိုက်တော့ Baek မျက်လုံးလေးပြူးသွားကာအံ့သြမိရသည်။

"ကိုယ် မင်းတစ်ယောက်တည်းကိုပဲ ချစ်သွားမှာပါ ပြီးတော့ ကိုယ်တို့လက်ထပ်လက်စွပ်ကိုမင်းရဲ့လက်မှာပြန်ဝတ်ထားမယ့်အချိန်ကိုလည်း ကိုယ်စောင့်နေပါ့မယ်..မင်းနဲ့အတူတူအသက်ကြီးတဲ့အထိနေပြီး မင်းခံစာရသမျှကုစားပေးပြီး ပိုကောင်းတဲ့သူဖြစ်စေရမယ် ဒါမှကိုယ်ဟာမင်းနဲ့ထိုက်တန်မှာမို့လို့ပါ" ဆိုရင်း Baek လက်သူကြွယ်လေးကိုသူနမ်းလိုက်သည်။

ယခုအခြေအနမျိုးဘယ်တော့မှမဖြစ်နိုင်ဟု Baek ထင်ခဲ့မိသည်။အတိတ်ကပျော်ရွှင်မှုများအလွယ်တကူပျောက်ပျက်ကုန်သောကြောင့်သူ့ကိုယ်သူနံရံအထပ်ထပ်ဖြင့်ပိတ်လှောင်ခဲ့ဖူးသည်။ သူဘယ်တော့မှခွင့်လွှတ်ပေးနိုင်မည်မဟုတ်ဟုထင်ခဲ့ဖူးသည်။ Chanyeol ကိုချစ်သောသူ့အချစ်တွေကုန်ဆုံးသွားပြီဟုသူ့ကိုယ်သူပြောခဲ့ဖူးသည်။ နောက်တစ်ဖန်ပြန်မချစ်နိုင်တော့ဟုလည်းသူထင်ခဲ့မိသည်။

Find Our Way Back To LoveWhere stories live. Discover now