Heeran တစ်ယောက်အိပ်ပျော်အောင်ကြိုးစားရင်းအိပ်ရာပေါ်လူးလွန့်နေမိသည်။ သက်သောင့်သက်သာရှိလှသောခေါင်းအုံးကသူ့ကို အပန်းပြေစေသော်လည်းအိပ်လို့တော့မပျော်ပေ။သူမရဲ့ Rillakuma အရုပ်လေးလဲဒီမှာမရှိဘူးလေ .. အိပ်ရာပေါ်တွင်ဒီအတိုင်းဟိုဖက်လှိမ့်လိုက်ဒီဖက်လှိမ့်လိုက်လုပ်နေမိရင်းသူမမျက်မှောင်ကျုံ့လိုက်မိသည်။ သူမမှာမျှော်လင့်ချက်မဲ့နေပြီလား? မျက်လုံးဖွင့်ကြည့်လိုက်မိတော့သူမအခန်းလေးထဲသို့လျှပ်စီးအလင်းရောင်ဝင်လာသည်ကိုတွေ့ရသည်။
အခန်းလေးထဲတွင်သူမ၏အမှောင်ကြောက်စိတ်ကိုအန်တုရန် မီးလေးထွန်းထားသော်လည်းထိုမီးကပင်သူမကိုအိပ်မပျော်အောင်ပြုလုပ်နေသောအနှောက်အယှက်ဖြစ်လို့နေသည်။
Heeran အိပ်နေသောအခန်းရှေ့ကဖြတ်သွားသော Heeran အဘွားမှာသူမမြေးမလေး အိပ်ရာပေါ်တွင် လူးလွန့်နေသည်ကိုတွေ့လိုက်ရတော့အခန်းတွင်းသို့ဝင်လာလိုက်သည်။
"နောက်ကျနေပြီလေ Heeran လေး အိပ်တော့နော်"
"ဘွားဘွား မေမေနဲ့ဖေဖေ အခုအဆင်ပြေသွားကြပြီလားဟင်? စောစောက သမီးမေမေ့ကိုစိတ်ဆိုးအောင်လုပ်မိတယ် ဒါပေမယ့်သမီးတကယ်စိတ်ရင်းနဲ့ပါ သမီး ရွေးချယ်တာတွေထပ်မလုပ်ချင်တော့ဘူး"
Heeran အဘွားကတော့အိပ်ရာကုတင်ဘေးတွင်ထိုင်လိုက်ရင်း စောင်ကို Heeran ရင်ဘတ်အထိဆွဲတင်ပေးလိုက်သည်။ "အဘွားလည်းသေချာမသိဘူး သမီးရယ် ဒါကသူတို့ကိုယ်တိုင်ပြင်မှရမယ့်ဟာတွေလေ အဘွားတို့ဘာမှမတတ်နိုင်ဘူးလို့ထင်မိတာပဲကွယ်"
"လူကြီးတွေများနားလည်ဖို့ခက်လိုက်တာ" Heeran နှုတ်ခမ်းလေးစူ၍ပြောလိုက်သည်။
"သူတို့တွေလူကြီးတွေဖြစ်ပေမယ့်တစ်ခါတစ်လေအမှားတွေလုပ်မိတတ်ကြတယ် ..တစ်ချို့အမှားတွေကသေးသေးလေးပေမယ့်တစ်ချို့အမှားတွေကကြီးတယ်လေ.. ဒါပေမယ့်နောက်ဆုံးတော့ဒီအမှားတွေကိုကျော်လွှားဖို့နည်းလမ်းကိုသူတို့ရှာတွေ့ကြလိမ့်မယ် ..တစ်ချို့ တွေက
သူတို့ကိုယ်တိုင်ဒဏ်ရာတွေကမသက်သာပေမယ့်အရာအားလုံးကိုမေ့ပစ်ဖို့ကိုရွေးချယ်ကြတယ် ..တစ်ချို့ကလည်းဖြစ်နေတဲ့ကိစ္စတွေပိုဆိုးအောင်လုပ်မိတတ်ကြတယ်..တစ်ချို့ကျတော့ဒဏ်ရာတွေကိုသေချာပြန်ချုပ်ပြီးအဲ့ကိစ္စကနေသူတို့ရဲ့ဆက်ဆံရေးကိုခိုင်မာအောင်ကြိုးစားကြတယ်လေ "
အဘွားက Heeran ကိုလေသံပျော့ပျော့လေးဖြင့်သေချာရှင်းပြလေသည်။
YOU ARE READING
Find Our Way Back To Love
FanfictionTranslated chanbaek fic from aff with the same name ^^