Chapter-2(4) (Rated-M)

7.2K 248 10
                                    


Baek တစ်ယောက်ဘာမှထပ်မပြောတော့..Chanyeol ကိုသူစွပ်စွဲလိုက်သံသည်သာအခန်းထဲမှာနောက်ဆုံးထွက်လာသောအသံဖြစ်သည်။ လေထုအခြေအနေကတင်းမာလျက်..Chanyeol က Baek ကိုသူ့ရင်ခွင်ထဲထည့်ပြီးနောက် Baek နှုတ်ခမ်းဆီသို့သူ့နှုတ်ခမ်းကိုဦးတည်လိုက်လေသည်။

Baek မျက်ရည်များ၏အနည်းငယ်ငံသောအရသာကို Yeol ခံစားနေရလေသည်။ သူတို့နှုတ်ခမ်းချင်းထိသွားတော့ Baek တစ်ယောက်မျက်လုံးစုံမှိတ်ထားလိုက်မိသည်။ သူ့ပတ်ဝန်းကျင်အခန်းလေးချာချာလည်သွားသလို Baek ခံစားလိုက်မိသည်။ ဒီအခိုက်အတန့်လေး မကုန်ဆုံးအောင်သူဆုပ်ကိုင်ထားချင်မိသည်။

Chanyeol ၏လက်များကသူ့ကိုနီးသထက်နီးကပ်အောင်တိုးလို့ဖက်လာသည်ကိုသူခံစားနေရသည်။ သူတို့နှစ်ယောက်၏အနမ်းတွင် စစ်မှန်ပြင်းထန်သောခံစားချက်ကသိသာလှသည်။ သူတို့နှစ်ယောက်လုံးတစ်ဦးကိုတစ်ဦးအလိုရှိခဲ့ကြသည်..အသွေးထဲအသားထဲကကိုယ်တစ်ဦးကိုတစ်ဦးလိုအပ်ခဲ့ကြသည်..

Baek တစ်ယောက်သူ့လက်ချောင်းသွယ်သွယ်လေးများကို Chanyeol ဆံနွယ်အတွင်းသို့ထိုးသွင်းလျက်ခေါင်းအနည်းငယ်စောင်းကာ တိုး၍နမ်းနေမိသည်။

သူ့ရဲ့ Baekhyun..ဟုတ်ပါသည်..သူ့ရဲ့ Baekhyun ကိုသူနမ်းနေပါသည်။ လွမ်းမောခဲ့ရသောအနမ်းတွေကြောင့် ယခုအချိန်တွင်တော့အသက်ရှူဖို့လေသည်ပင်လျှင် Baek လောက်အရေးမကြီး...Baek ကလည်းသူ့အနမ်းကိုတုံ့ပြန်နေသည်လေ..မနေ့ကဖြစ်ပျက်သမျှတွေကိုမြေမြှုပ်ပြီးမှားခဲ့သမျှတွေကိုလည်း ပြန်ပြင်ကြမည်လေ..

Chanyeol မျက်နှာလေးကို Baek ငြင်သာစွာကိုင်နေမိသည်။

Chanyeol ရဲ့လက်မောင်းကြွက်သားတွေကိုကိုင်နေမိသည်.. Chanyeol ရဲ့ ခပ်ပြင်းပြင်းအသက်ရှူသံကိုနားထောင်ရင်းနဲ့လေ ...

Baek ရဲ့ခြေထောက်တွေက Yeol ခါးမှာချိတ်လိုက်ပြီး လက်တွေကတော့ Yeol လည်ပင်းကိုဖက်ထားလိုက်သည်။ မီးဖိုချောင်သို့သူတို့သွားရာလမ်းတွင်တိုက်မိကျကွဲသောပစ္စည်းများကိုလည်းဂရုမစိုက်အား..

Baek ကိုစားပွဲခုံပေါ်တင်ပြီးနောက် Baek ဆီသို့ကိုယ်ကိုအနည်းငယ်ကိုင်းကာ Baek နှုတ်ခမ်းကို Yeol သိမ်းပိုက်လိုက်ပြန်လေသည်။ Baekhyun ၏ limit ကိုစမ်းသပ်နေသည့်အလား ငြင်သာစွာနမ်းနေမိလေသည်။

Find Our Way Back To LoveWhere stories live. Discover now