သုံးလဆိုသောအချိန်ကာလအတွင်းအရာရာအသစ်ကပြန်စရန်
Baekhyun တစ်ယောက်ကြိုးစားနေမိခဲ့သည်။ Park Chanyeolဆိုသူသည်သူ့ဘဝပုံပြင်တွင်မေ့ပစ်သင့်သောအခန်းတစ်ခန်းမျှသာ...Baekhyun အတွက်သာမက Heeran အတွက်လည်းပါသည်ပေါ့..ဟုတ်ပါသည်..သူနှင့် Chanyeol တို့ရဲ့သမီးလေး Heeran....တစ်ခါတစ်လေကျတော့လည်းကောင်းကောင်းမကျက်သေးသောအနာသည်အနည်းငယ်ထိမိရုံနှင့်ပြန်လည်နာကျင်ရပြန်လေသည်...ယခုလိုအခါမျိုးမှာပေါ့..
"Baekhyunရေ အိမ်မှာနင်နဲ့နင့်သမီးပစ္စည်းတွေကျန်နေသေးတယ်..ငါကနောက်လဆိုပြောင်းလာတော့မှာ..ပစ္စည်းတွေကိုမြန်မြန်လေးရွှေ့ပေးပါ" ရှေ့တွင်ချထားသောကော်ဖီခွက်ကိုလှမ်းယူရင်း သူ့ဘေးတွင်ရပ်နေသော Baek ကို Kyungsoo ကပြောလိုက်ခြင်းပင်...
ထွက်စာတင်ပြီးတခြားအလုပ်ပြောင်းရန် Baekhyun စဉ်းစားမိသေးသည်။သို့သော်လည်း တကယ်တော့အလုပ်မထွက်နိုင်သေး..အလုပ်ထွက်ဖို့ခိုင်လုံတဲ့အကြောင်းပြချက်ကိုသူရှာမတွေ့သေးတာလဲဖြစ်ကောင်းဖြစ်ပါလိမ့်မည်..သူချစ်ရသောသူ သူနေခဲ့သောအိမ် စသောအရာအားလုံးကို ယခုသူ့ရှေ့တွင်ရှိနေသော Kyungsoo ဆိုသူကလုယူခဲ့ပြီးလေပြီ..
"အဲ့ပစ္စည်းတွေလွှင့်ပစ်လိုက်လေ..ပစ်ဖို့ပျင်းရင်နင်သိမ်းထားလိုက်ပေါ့..အခုချိန်မှာငါ့အတွက်အဲ့အိမ်ကအမှိုက်ပုံးသာသာပဲလေ"ဲ့ပြုံးလေးပြုံးရင်း Baekhyun တုံ့ပြန်လိုက်သည်။ သူ့စကားတွေက Kyungsoo ရဲ့ဒေါသကိုဆွပေးလိုက်သည်မှာအသေအချာပင်..
"နင်......" Kyungsoo ကတခုခုထပ်ပြောရန်ပြင်လိုက်ပေမယ့် Baek ကတော့ကျောခိုင်းလျက်ထွက်သွားပြီဖြစ်သည်။
"ခဏနေရင်အရေးကြီးmeeting ရှိတာမမေ့နဲ့ Kyungsoo" ဟု Baekhyun ပြောသံကသာ hallway ထဲမှပျံ့လွင့်လာခဲ့ပါသည်။company ရဲ့သန့်စင်ခန်းကိုရောက်တော့ Baekhyun ငိုချလိုက်ပါသည်။ပျော့ညံ့လွန်းတဲ့သူ့အတွင်းစိတ်ကို Baekhyun သေလောက်အောင်မုန်းပါသည်။ပုလဲသွယ်လိုမျက်ရည်တွေကသူ့ရဲ့အညိုရောင်မျက်ဝန်းဆီကတိတ်ဆိတ်စွာကျဆင်းလျက်...Baek ရဲ့ခင်ပွန်း Baek သမီးလေးရဲ့ဖခင်ဆိုသောတာဝန်ကိုမကျေပွန်ခဲ့သည့်တိုင်အောင် Chanyeol ကိုသူချစ်နေဆဲပင်..ဟုတ်ပါသည်..Heeran ကိုသူ့သမီးဟုသာ Baek ခေါ်ချင်ပါသည်။ Heeran ကိုသူတို့သမီးဟုခေါ်ခြင်းကBaekလျှာဖျားတွင်ခါးသက်သက်ဖြစ်နေသလို...
YOU ARE READING
Find Our Way Back To Love
FanfictionTranslated chanbaek fic from aff with the same name ^^