နှစ်ပါတ်ဆိုတဲ့ အချိန်က..ကျမကို ဒီမြို့မှာအသားကျဖို့
မလုံလောက်ခဲ့ပါဘူး..
အိပ်ရာ အစားအသောက် ဘာသာစကား သူငယ်ချင်း
ကျောင်း အရာအားလုံး မှာပေါ့...
MAMA ကို လွမ်းတယ်..
hana နဲ့ bora..
ကျမရဲ့အိပ်ရာ..အခန်း..အိမ်
စာအုပ်..ခြံထဲကပန်းလေးတွေကစပြီး
နောက်ဆုံး...Toki အထိ အားလုံးကိုရူးလောက်အောင်လွမ်းတယ်..အခက်အခဲ အမျိုးမျိုးတွေ့တိုင်း..
လေသံအမျိုးမျိုးနဲ့တရုတ်စကားတွေကြားတိုင်း.
မဖော်ရွေတဲ့ အတန်းဖော်တချို့ဆီက..မောက်မာစွာ
ဆက်ဆံခံရတိုင်း..
ကျမ
"TOKI ရေလို့"တိုးတိုးလေးရေရွတ်ပြီး မျက်ရည်တွေဝိုင်းလာတယ်..ညရောက်လို့ အရမ်းကို ပင်ပန်းလွန်းလို့..
မျက်ရည်တွေကျမိတဲ့အခါမှာတော့
ဖုန်း screen ပေါ်က ဘေးတိုက်မျက်နှာလေးဖြစ်တဲ့
Lu ရဲ့ပုံကိုဖွဖွလေးပွတ်ပြီး ကျမ ပြုံးမိတယ်..
အဆင်ပြေသွားမှာပါ..
အဆင်ပြေသွားမှာပါနော် Luhan
ငါမှားလားဟင် လို့ ကျမအရူးတယောက်လိုရေရွတ်တတ်တယ်..
ဘယ်လောက်ပဲ ခက်ခဲပါစေ
ဘယ်လောက်ပဲအေးစက်စက်နေ့ရက်တွေဖြတ်သန်းရပါစေ
..lu နဲ့ တမြို့တည်းဆိုတဲ့အသိက
ကျမကိုနွေးထွေးစေတယ်.......
သုံးလဆိုတဲ့အချိန်ကတော့
လူတယောက် နေရာသစ်တခုမှာအသားကျဖို့ရော
သူ့အမူအကျင့်တွေပြောင်းလဲဖို့ကော လုံလောက်ခဲ့ပါတယ်
ကျမ အခုဆို ကျောင်းမှာလည်းအဆင်ပြေနေပြီ
MeiMei ဆိုတဲ့သူငယ်ချင်းမလေးအပြင် အတန်းထဲကတော်တော်များများနဲ့ခင်နေပြီ..ကျောင်းဆင်းရင်. snoopy ဆိုတဲ့ဆိုင်လေးမှာ အချိန်ပိုင်းလုပ်တယ်.. အိမ်ရောက်တဲ့ အခါ
Weibo သုံးပြီးသူ့ရဲ့ schedule လေးတွေရှာတယ်..
အရူးတယောက်လိုသူ့ပုံလေးတွေ save တယ်..
သူ.. ညဆယ့်နှစ်နာရီအထိ schedule မပြီးသေးတဲ့အခါ
သူအရမ်းပင်ပန်းနေတဲ့ ပုံလေးတွေမြင်ရတဲ့အခါ
ကျမရဲ့ ရင်ထဲက နာကျင်လာတယ်..
အစီအစဉ်တချို့မှာ သူတယောက်ယောက်ပြောတာကို
ကလေးတယောက်လိုရယ်လိုက်တဲ့အခါ..
ကျမအရူးတယောက်လိုလိုက်ပြုံးမိတယ်..
သူ railway station ကနေခရီးစဉ်ရှိတယ်လို့သိရတဲ့နေ့တွေမှာ
မျက်စိလည်လောက်အောင်ကျယ်တဲ့ BEIJING railway station ထဲမှာ ကျမ ပြေးပြီး
လူတွေအုံနေတဲ့သူ့ဆီ သွားတိုးတတ်တယ်..
ကံကောင်းတဲ့နေ့တွေမှာ သူ့ရဲ့ ဦးထုတ်..အကျီနောက်ကျောနဲ့ နားရွက်ဖျားလေးတွေကို ကျမတွေ့ရတတ်တယ်..
အဲ့လိုနေ့မျိုးတွေဆိုပျော်လွန်းလို့..ဘေးခန်းက Hua jie ကိုမုန့်ဝယ်ကျွေးမိတဲ့အထိပဲ..