အချစ်ဆို တာ..
"ချစ်သူဘေးမှာ ဘယ်လို ဖြစ်တည်မျိုးနဲ့မဆို တည်ရှိခြင်း"လို့ရူးကြောင်ကြောင် ကလေးအတွေးနဲ့ ကျမ က
Luhan ရဲ့ part time PA တယောက်ဖြစ်ရတာ
ပျော်တယ်လေ...ကော်ဖီ ဘူးလေးလှမ်းပေးတဲ့အချိန်
သူ့လက်နဲ့များမတော်တဆထိသွားရင်...
တနေကုန်လက်မဆေးဘဲထားချင်တာ
တနေရာသွားလို့ Alphard အမျိုးအစားကားကြီး
ထဲမှာ မန်နေဂျာ ge ကော..stylish jie ကော
ပါတာတောင်သူနဲ့ နှစ်ယောက်ထဲ...
Driveလုပ်နေတယ်လို့.စိတ်ကူးယဉ်နေတာ..
မော်ဒယ်တွေ..မင်းသမီးတွေနဲ့ သူစကားတွေ
စိတ်ဝင်တစားပြောနေရင်..ဂုတ်ကဆွဲပြီး..
ခေါ်လာချင်တာ..အဲ့လို..တစ်ဖက်သတ် အချစ်တွေအများကြီးထဲကမှ
ကျမလို..idol မှသွားချစ်မိတဲ့
အချစ်ကတော့အဆိုးဝါးဆုံး
ဖြစ်မှာပါ .Luhan လား?
သူကတော့ ကျမကိုမှ မဟုတ်ဘူး
အားလုံးကိုဂရုစိုက်ပါတယ်.
ကျမတို့ weibo chat group ထဲမှာ
ညနက်တဲ့အထိ တတောင်တောင်နဲ့ စကားနိုင်လု
နေရင်...ညနက်နေပြီ အိပ်ကြတော့...လို့ ဆရာကြီးစတိုင်နဲ့
သတိတရ လာအော်တတ်တယ်.
သူကိုယ်တိုင် က ဘယ်သူနဲု့ကြူလို့ဝခဲ့လဲမသိမနက်စာစားခဲ့လား လို့ သူကျမကိုမေးတုန်းက
ပျော်သွားပေမယ့်.
နောက်တော့သူလူတိုင်းကိုမေးတတ်မှန်းသိခဲ့တယ်..
သူ ကျမကို သတိထားပြီး သူများနဲ့မတူ တဲ့
သူ့အတွက်ထူးခြားတဲ့ လူတယောက်လိုသဘောထား
ဖို့ဆိုတာ.အပုံ တစ်ထောင်မှာမှ.တစ်ပုံလောက်ရှိတာပါ
...
ဒါပေမယ့်
ကျမ ပျော်တယ်လေ..
ဒီမှာ မိသားစုနဲ့အဝေးမှာ...Toki ရဲ့အဝေးမှာ
သူငယ်ချင်းတွေရဲ့ အဝေးမှာ
တယောက်ထဲ ရပ်တည်နေရပေမယ့်..သူ့ကိုကော်ဖီဘူးလေးလှမ်းပေးလိုက်လို့..
"ကျေးဇူး ယွဲမ်, တကယ့်ကို မင်းပဲရှိပါတယ်"
လို့ပြောပြီးသူပြုံးပြတဲ့အခါတိုင်း..
အသက်ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်ကို
ကျမ
နားလည်ခဲ့တယ်..
.
အဲ့ဒီလိုနဲ့ နေ့ရက်တွေဖြတ်သန်းလာတာ
.နောက်ထပ်လေးလ.
သူနဲ့တွေ့ရတဲ့ နေ့ အတိအကျဆို
သုံးဆယ့်နှစ်ရက်နဲ့ ညနေခင်းဆယ့်ခြောက်ခု
.
Second semester တောင်စပြီး..
ကျမရဲ့ ကင်မရာလေးနဲ့..
mv သေးသေးလေးတခုတောင်
ရိုက်ပြီးပြီ