"အခုချက်ချင်း..ပါပါးရဲ့ဆေးရုံကိုပြောင်းဖို့လုပ်!!!
အခု!!!"Luhan geရဲ့ဒေါသတကြီးအသံကို..
ကျမ နိုးလာတော့ကြားရတယ်..
ကျွန်မရဲ့ရောဂါအကြောင်းဒီဆေးရုံကပြောလိုက်ပြီ
ထင်ပါရဲ့..
ကျမနိုးနေတာကြာပြီ
ခုနကတည်းကသူတို့ပြောနေကြတာတွေကြားရတယ်.
ဆရာဝန်ပြောနေတာတွေသူလက်မခံနိုင်ဘူး
ဖြစ်နေတယ်
သူ့ရဲ့ထိတ်လန့်မှုတွေကိုဒေါသတွေနဲ့ဖုံးထားတယ်..ကျမမျက်စိမှိတ်ထားရက်နဲ့တောင်
သူနာကျင်နေမှာကိုသေချာသိနေတယ်..
မျက်ရည်တွေကျလာပြန်တယ်
အသံထွက်မှာစိုးလို့
ကျမနှုတ်ခမ်းကိုပြတ်မတတ်ကိုက်ထားမိတယ်..
ကိုယ်ချစ်ရတဲ့လူကို..နာကျင်စေတဲ့
အကြောင်းအရင်းဖြစ်ရတာ..ဆိုးလိုက်တာသူတို့အသံတွေခဏတိတ်သွားတယ်...
"သူ..တကယ်ကုလို့မရတော့ဘူးလား"
Luhan geရဲ့အနည်းငယ်တုန်နေတဲ့
အသံတိုးတိုးလေးး...ခဏကြာတော့
ဆရာဝန်တွေပြန်ထွက်သွားတဲ့ခြေသံကြားရတယ်..
Luhan geထိုင်ချလိုက်တဲ့အသံကြားရတယ်..
ကျမ မျက်လုံးဖွင့်မကြည့်ခဲ့ပေမယ့်..
သူယူကြုံးမရ ငိုနေမယ်ဆိုတာကိုသိနေတယ်..တောင်းပန်ပါတယ် Ge...
တကယ်တောင်းပန်ပါတယ်
Geကိုနာကျင်စေခဲ့ပြီ..ဆယ်မိနစ်လောက်ကြာတော့သူကျမကုတင်
ဘက်ကိုလျှောက်လာတဲ့ခြေသံကြားရတယ်..
aishh မျက်ရည်တွေဆက်တိုက်ကျနေတာ
တကယ်ကိုတားလို့မရဘူး...
ဘယ်လိုမှထိန်းထားလို့်မရဘူး..
နှုတ်ခမ်း ကိုလည်းကိုက်ထားမိတုန်းပဲ..
Luhan ge မြင်သွားတော့မှာ...
သူကျမငိုနေလို့ စိတ်မကောင်းဖြစ်လိမ့်မယ်..
တော်ပါတော့..ဆက်မငိုလို့မရဘူးလား..
ကျမကြိုးစားနေတုန်းမှာပဲ..
Luhan ge ကုတင်ဘေးကခုံမှာထိုင်လိုက်တဲ့
အသံကြားလိုက်တယ်....."ယွဲမ်ယွဲမ်...Geရဲ့ကောင်မလေး...
အိပ်ပုတ်လေး..အိပ်နေတုန်းပဲကြည့်ပါအုန်း.."
သူကပြောရင်းနဲ့ ကျမနဖူးပေါ်ကဆံပင်တွေကိုဖယ်ပေး
လိုက်တယ်..