ရာသီဥတု သာယာပြီး..မြူတောင်မကွဲသေးတဲ့
မနက်ခင်း
လေးတခုမှာ..ကျမ နှိုးစက်မပါပဲနိုးလာခဲ့တယ်..
တညလုံးအိပ်မပျော်ထားပေမယ့်
အံ့သြစရာကောင်းအောင်ကိုလန်းဆန်း
တက်ကြွနေတယ်..မနက် လေးနာရီ....
"ဒါ နင်ထရမယ့်အချိန်လား" Toki သာသိရင် ကျမကို
ခပ်ငေါက်ငေါက်ပြောပါလိမ့်မယ်..မနေ့ညကထဲကဝင်ဝယ်ခဲ့တဲ့ဦးထုတ်လေးကိုနောက်ပြန်
ဆောင်းလိုက်တယ်..iron man ဟင်းချက်နေတဲ့ sticker နဲ့တီရှပ်က Toki
လက်ဆောင်ပေးထားတာ..
ဒူးလောက်ရှည်တဲ့ အနွေးထည်အောက်က
skinny jean နဲ့ ကျမ
ကိုယ့်ကိုယ်ကို PA ပုံပိုပေါက်အောင်
ပါဝါမပါတဲ့ wafler မျက်မှန်တလက်တပ်လိုက်တယ်..
အဆင်သင့် ဖြစ်ပြီ...ကမ္ဘာကြီးရေ..."MORNING!!!" လမ်းပေါ်မှာအကျှီဖားယားကြီးနဲ့ ပတ်ချာလည် နေတဲ့ကျမကို ခွေးတချို့က
မျက်စိနောက်သလိုဟောင်တယ်..ချစ်ရတဲ့သူကို တွေ့ရတော့မယ် ကိုယ့်ရဲ့ဖြစ်တည်မှုကိုသူ
အသိအမှတ်ပြုပေးတဲ့ ခံစားချက်ဟာ...ကမ္ဘာပေါ်မှာ
အကောင်းဆုံးပါပဲ..
မွေးကထဲကနေ..ဒီအရွယ်ထိ..
ဒီနေ့မနက်အပျော်ဆုံးပါပဲလို့ ပြောမိရင်
TOKI နဲ့ MaMa နှစ်ယောက်လုံး ကျမကိုသတ်လိမ့်မယ်ထင်တယ်..."မင်္ဂလာမနက်ခင်းပါ ကျမရောက်ပါပြီ"လို့ နှုတ်ဆက်တော့
မန်နေဂျာ ge က ပြန်နှုတ်ဆက်တယ်"Uni လာလာ luhan နားသွားလိုက်
သူအခုထိငိုက်နေတုန်းပဲ ကော်ဖီတခွက်ယူသွားပေး"Studio တခုလုံးအလုပ်ရှုပ်နေကြတယ်..hair dresser,stylish တွေဟိုသွားဒီသွားနဲ့
ဟိုးနေ့ကထက်လူများတယ်..ကော်ဖီခွက်ကိုင်ပြီး iron man အခန်းထဲဝင်လာတော့
ကျမရဲ့ သမင်လေး က စားပွဲပေါ်မှောက်အိပ်နေတယ်..
သူ့ရဲ့ပေါ်နေတဲ့မျက်နှာတခြမ်း ခပ်ဟဟဖွင့်ထားတဲ့နှုတ်ခမ်း
လေးတွေနဲ့ မျက်တောင်ရှည်ရှည်လေးတွေကအလင်းရောင်နည်းနေသေးတဲ့ အချိန်မှာတောင်ထင်ရှားနေတယ်..
ကျမ
သူ့ကို နှိုးရမှာလား..
ဘယ်လောက်တောင်ပင်ပန်းနေမှန်းမသိတဲ့သူ့ကို နှိုးရမှာလား
နှိုးရမှာ ပေါ့ Uni သူကားပေါ်မှာအိပ်သွားလို့်ရတာပဲ
ကျမဦးနှောက်ထဲကအသံသေးသေးလေးကပြောတယ်