ယွဲမ်ယွဲမ်
မျက်လုံးဝိုင်းဝိုင်း...
ဆံပင်အညိုရောင်ရှည်ရှည်လေးတွေနဲ့
ကောင်မလေး..သူမ မျက်လုံးတွေက တကယ်ချစ်ဖို့ကောင်းတယ်..
ပြူးတာလည်းမဟုတ်ပဲ ဂေါ်လီလုံးလိုဝိုင်းစက်နေတယ်
အဲ့ဒါက ပဲ
ကျွန်တော် သူမကို ယွဲမ်ယွဲမ် လို့ခေါ်မိတဲ့
အကြောင်းအရင်းပေါ့
Super hero တွေကိုရုပ်ပြောင်လုပ်ထားတဲ့
တီရှပ်လေးတွေကို
သူမအမြဲဝတ်တတ်တယ်..
ကလေးထိန်းနေတဲ့ Bat man
ဟင်းချက်နေတဲ့ iron man
နှာခေါင်း နှိုက်နေတဲ့ super manပြီးတော့ အများကြီး ပဲ
ဘယ်လောက်ဝယ်စုထားလဲမသိဘူးအသက်ဆယ့်ကိုးနှစ်နဲ့မလိုက်အောင်
Poker face နဲ့
အမြဲလိုလိုဆရာမကြီးစတိုင်လ်ဖမ်းပြီး
မျက်မှန်ကြီးတပ်တပ်လာတယ်.
.ပြီးရင်တော့သူမပြန်ချွတ်ရတာကြီးပဲကျွန်တော် running man shooting မှာ
ချော်လဲတာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်ရင်
ထိုင်နေရာကနေဆတ်ခနဲထ
ပြီး စိုးရိမ်တကြီး ကင်မရာရှေ့ကို
ပြေးဝင်လာမတတ်ပဲ..တခါတလေကျတော့လည်း ကျွန်တော့် ကိုစောင့်ရင်း
စာအုပ်အထူကြီးထိုင်ဖတ်နေလို့ အထင်တကြီး
လှမ်းကြည့်လိုက်ရင်..harry potter စာအုပ်ကြီးတခါတလေ
Press conf တွေသွားခါနီး ပြင်ဆင်ပြီးတဲ့
ကျွန်တော့ကိုကြည့်ပြီး
"မိတ်ကပ်တွေ အများကြီးပဲ" လို့ ပြုံးစိစိနဲ့ ပြောတတ်တယ်ကားပေါ်ကဆင်းခါနီး fan အုပ်လိုက်ကြီးကိုမြင်တိုင်း
သတိအနေအထားဖြစ်ဖြစ်သွားတတ်တယ်..
ဦးထုပ်တွေဘာတွေ သေချာပြန်ဆောင်းပြီး
ကားပေါ်ကဆင်းတော့မယ့်သူမပုံစံလေးက
အရွယ်နဲ့မှမလိုက်အောင်
လူဆိုးမကြီး ကျလို့ကျွန်တော် က
အချစ်ဆိုတာ နဲ့ ဝေးကွာနေတာ တကယ်ကိုကြာခဲ့ပီ
ဒီနှစ်ပိုင်းတွေမှာ fan တွေအတွက်အလုပ်ကြိုးစားတယ်
အသက်ရှူမဝအောင်ကြပ်တဲ့ scheduleတွေကြားမှာ
အချစ်အကြောင်းမစဉ်းစားနိုင်တာ တကယ်ကြာခဲ့ပြီ