အချစ်ဆိုတာ..တစ်ခါတစ်လေမှာ နာကျင်မှုတွေပဲ
ပေးတတ်လွန်းတယ်.."Lu ge,coffee "
ထိုင်ခုံမှာပျင်းတိပျင်းရွဲမှီပြီး
စားပွဲပေါ်ခြေထောက်ချိတ်တင်
ထားတဲ့ Luhan က
သူ့ဖုန်းကနေမျက်လုံးမခွာပဲ
သူ့အရှေ့ကစားပွဲကိုမေးထိုးပြတယ်..
တင်ထားလိုက်ဆိုတဲ့သဘော..ဥရောပကနေရုတ်တရက်ပြန်ရောက်လာတဲ့
Luhan ဟာ တခြားတယောက်ဖြစ်သွားတယ်လို့
ထင်ရလောက်အောင် ကျမပေါ်ကို
အေးစက်နိုင်လွန်းတယ်.
Schedule တွေမရှိပဲအားနေတာတောင်
ကျမကိုစကားတခွန်းမှ မပြောခဲ့ဘူး"Lu ge,Happy New Year" လို့နှုတ်ဆက်
တုန်းကတောင် အပြုံးတချက်တောင်မပါပဲ
ခေါင်းညိတ်တုန့်ပြန်တဲ့အထိပဲ
အရင်က "ယွဲမ်ယွဲမ် " လို့ တရက်ကို
အကြိမ်ပေါင်းများစွာခေါ်နေတဲ့ သူက
ကျမကို မန်နေဂျာge ကနေတဆင့်ပဲစကားပြော
တော့တယ်
တခြားဂန်ထမ်းတွေနဲ့တောင် သူအရယ်အပြုံးနည်းသွား
သလိုဘယ်အရာတွေက သူ့ကိုဒီလိုဖြစ်စေတာလဲ လို့
ကျမ စိတ်မကောင်းစွာတွေးမိတယ်
သူအဆင်မပြေတာတွေများနေသလိုပဲ
Asian Film Award လည်းနီးနေပြီဆိုတော့
သူ့မှာ stress တွေများနေတာ ဖြစ်မှာပါလို့
ကိုယ့်ကိုယ်ကို ဖြေသိမ့်ရင်း..
ချစ်ရတဲ့သူ ခက်ခဲနေချိန်မှာ..
ဘာ အကူအညီမှ မဖြစ်နိုင်တဲ့ ကိုယ့်ကိုယ်ကို ပဲ
အပြစ်တင်မိတယ်Luhan ရဲ့ အေးစက်စက်ပုံစံဟာ
သူနဲ့တကယ် မလိုက်ဖက်ဘူး
ပြီးတော့ ကျမကိုနာကျင်စေတယ်လွန်ခဲ့တဲ့ သုံးရက်လောက်ကအထိ
ကျမတို့ နေ့တိုင်း weibo မှာစကားပြောကြသေးတယ်
သူညတိုင်း ကျမ ရင်ခုန်စေတဲ့ emoji လေးတွေ
တောင်ပို့ ခဲ့သေးတာ
သူနဲ့ ကျမ အရမ်းရင်းနှီးနေပြီလို့
ကျမ ကသူ့အတွက် ထူးခြားတဲ့လူတယောက်လို့
ကိုယ့်ကိုယ်ကို ထင်ခဲ့မိသေးတာ
ဘာလို့သူ ဒီလိုပြောင်းလဲသွားတာလဲ
ကျမရဲ့အတွေးတွေပဲမှားနေခဲ့တာလား
ကျမ က ဒီအတိုင်း..
ဒီအတိုင်း သူ့အတွက် သာမန် ပဲလား..