အိမ်အပြန်လမ်း ကားပေါ်က ကျမရဲ့ အစာအိမ်ထဲမှာ..
လိပ်ပြာလေးတွေ...တဖျတ်ဖျတ်ပျံနေလေရဲ့..Luhan,သူပြောတာ
ကျမကိုသတိရနေတော့မှာပဲတဲ့...
ပြီးတော့ သူကျမကိုဖက်ထားတာ..တခြားလူ
တွေကိုဖက်တာထက်ခြောက်စက္ကန့်လောက်ပိုကြာတယ်..Fan တွေက Fiction သိပ်များတယ်လို့ဆိုချင်ဆို..
မျှော်လင့်ချက်တချို့ကလူကိုနာကျင်စေတတ်တယ်လို့ဆိုချင်ဆို..
သူချစ်တာ သဘောကျတာတွေ ဘေးချိတ်
ကျမထင်တာ....
ကျမ က Luhan အတွက် ထူးခြားတဲ့လူတယောက်များလား??အဲ့ဒီခံစားချက်မျိုးကြောင့်..ဒီတလလုံးကောင်းကောင်း
ဖြတ်သန်းနိုင်မှာပဲ.."Have a safe flight,bae"
>>>>>>>>>>>>>>>>>>>><>>>>>>>>>>>Idol တစ်ယောက်ကို ချစ်မိတဲ့အတွက် သင့်မှာ
အားသာချက်တွေ အများကြီးရှိနိုင်ပါတယ်...
အချိန်နဲ့တပြေးညီသူ့အကြောင်းတွေသိနိုင်တာမျိုးပေါ့..Weibo မှာတက်လာတဲ့သူ့ရဲ့ airport ပုံလေးတွေ
ကြည့်မိတယ်..ဟိုမှာတုန်းက သတိမထားမိပေမယ့်...
သူ့ကိုကြည့်ရတာစိတ်လှုပ်ရှားနေသလို..ကိုယ်ချစ်ရတဲ့လူ ပင်ပန်းနေတာမြင်ရတဲ့အခါ
ခက်ခဲနေတာ
မြင်ရတဲ့အခါ..သူ့ထက်ပိုပြီးနာကျင်ရပါတယ်တချို့ ပုံလေးတွေ မှာ ကျမ ပါတယ်..
Luhan ပြောသလိုပဲ
လူဆိုးမကြီး ကျလို့..huiwen လည်းပါသွားတယ်လေ
သူတို့ တစ်လလုံးအတူတူရှိနေမှာပဲ
လို့ ကျမ မလိုတမာတွေးပြီး သူမ ပါတဲ့ပုံတွေကို
ခပ်မြန်မြန်ကျော်လိုက်တယ်အလကား လူကြီး..
ကျမစိတ်ဆိုးဆိုးနဲ့ အပြစ်မရှိတဲ့ဖုန်းကိုရန်လုပ်နေတုန်း
မှာပဲ"Uni,ဘယ်မှာလဲ
Video call မယ်,roger!!!"Toki ဆီက voice mail ဝင်လာတယ်.