လေဆိပ်ထဲကို..တုန့်ဆိုင်းစွာပဲကျမဝင်လာခဲ့တယ်..
အဆက်မပြတ်စီးကျနေတဲ့မျက်ရည်တွေတောင်မသုတ်မိ
Geရဲ့ concert စ နေလောက်ပြီ
Luhan ge...
သူအဆင်ပြေပါ့မလား..
.
တွေ့တဲ့ထိုင်ခုံမှာ..အားမရှိသလိုထိုင်ချလိုက်ပြီး
အဆက်မပြတ်မျက်ရည်ကျနေတဲ့ကျမကို
လူတွေကသုတ်သီးသုတ်ပျာသွားနေရင်းနဲ့တောင်
အံ့သြသလိုကြည့်သွားကြတယ်..
လူတွေကိုကြည့်နေရင်း..မူးလာတယ်
နားထဲကနေလေတွေတဝူးဝူးထွက်နေတယ်..
ကျမရဲ့..စိတ်ကအခုဒီမှာမရှိဘူး..အဲ့ဒီနေ့ကဖိုင်ထဲက...
စာလုံးလေးတွေ...ကျမငိုနေရင်းနဲ့ပဲခေါင်းယမ်းလိုက်တယ်..
ပါပါး...
အဲ့ဒီတုန်းကဘယ်လိုခံစားခဲ့ရလဲဟင်..
မာမားကိုထားခဲ့ရမယ်ဆိုတုန်းကဘယ်လိုခံစားခဲ့ရလဲ.."ဒီလိုပြောရတာမတရားမှန်းသိပေမယ့်
သမီးမရှိတော့တဲ့တစ်နေ့ကျရင်.
xiao luကို...xiao luကို
ကောင်းကောင်းမွန်မွန်ရှေ့ဆက်နိုင်အောင်လုပ်ခဲ့
ပေးလို့ရမလား"စိတ်မကောင်းစွာပြောခဲ့တဲ့luhan ge အဖေရဲ့
စကားတွေနားထဲပဲ့တင်နေတယ်"သမီးကြိုက်သလိုဆုံးဖြတ်ပါ...xiao lu
အတွက်တော့ စဉ်းစားပေးမယ်မဟုတ်လား"ကျမ luhan ge အတွက်ပဲအမြဲတမ်းစဉ်းစားခဲ့
တာပါ..မျက်ရည်တွေကတကယ်ကိုတားမရဘူး
aishh မုန်းလိုက်တာ.."xiao lu ကတကယ်ကိုတာဝန်တွေအများကြီး
ယူရမယ့်ကလေးပါ..သူပြိုလဲသွားလို့မဖြစ်ဘူးသမီး..
.........."ပါပါး..
တွေးရင်းနဲ့ကျမ ပိုပြီးဝမ်းနည်းလာတယ်
ဘယ်လိုလုပ်ရမလဲ ဟင်..Brain Tumorတဲ့လား..
ကျမ ကလား
နောက်ဆုံးအဆင့်မို့လို့အချိန်လည်းမရှိတော့ဘူးတဲ့လား
ဘာလို့လဲ ကျမဒီလောက်နေကောင်းနေတာကို
တခါတလေမှခေါင်းကိုက်တတ်တာကို...
ကျမကအရမ်းကိုကျန်းမာပါတယ်..မှားနေတာဖြစ်