Luhan's pov
ယွဲမ်ယွဲမ်..ဘယ်ရောက်နေတာလဲ..
သူဖုန်းမကိုင်တာဟာကျွန်တော့်ကိုတကယ်ပဲ
စိတ်ပူစေတယ်မိုးတွေလည်းအရမ်းသည်းနေတာ
ကားတောင်မနည်းမောင်းနေရတာကို..
ကျွန်တော့်ရင်ထဲမှာတကယ်ပူလောင်နေတယ်..ခုနှစ်နာရီထိုးတဲ့အထိသူနောက်ကျနေတာထင်နေခဲ့
သေးတယ်..ဒါပေမယ့်
ယွဲမ်ယွဲမ် က ကျွန်တော့်အတွက်ဆိုဘယ်တော့မှ
နောက်ကျလေ့မရှိတာကို...
သူဘာဖြစ်လို့လဲ...
ဘာဖြစ်လို့ဖုန်းမကိုင်တာလဲ..
ကိုးနာရီထိုးခါနီးမိုးတွေသည်းကြီးမည်းကြီးရွာချလာ
တဲ့အခါမှာတော့ ကျွန်တော်ဒီအတိုင်းစောင့်မနေနိုင်တော့သွားရှာမှဖြစ်မယ်..
သူဘာမှမဖြစ်ပါစေနဲ့..ပါးစပ်ကတတွတ်တွတ်ရွတ်ရင်း
ကားမောင်းလာတယ်..ယွဲမ်..မိုးရေထဲမှာများလား..
လုံခြုံတဲ့ကားထဲကနေ.မိုးရေတစ်စက်မှမစိုသေးတဲ့
ကိုယ့်ကိုယ်ကို ပဲအပြစ်တင်မိတယ်..
ဘာလို့လဲ
ယွဲမ်ယွဲမ့်ကိုသွားကြိုခဲ့ရမှာကို..
သူမအရမ်းပဲချမ်းနေမလား..
အတွေးပေါင်းများစွာကကျွန်တော်ကိုခြောက်ခြားစေတယ်
ကိုယ့်ကိုယ်ကိုတောင်ဘယ်တွေလျှောက်
မောင်းမိနေမှန်းမသိဘူး..ယွဲမ်ယွဲမ် ဘယ်တွေသွားတတ်လဲ?
သူမသူငယ်ချင်း..?Tskk
ကျွန်တော် တကယ်ဘာမှမသိဘူး..
ယွဲမ်ယွဲမ် ကအမြဲတမ်းဘေးမှာရှိနေခဲ့လို့..
သူမကပဲဂရုစိုက်ပေးနေလို့..ကျွန်တော်..သူမအကြောင်းတွေကို...
ဘယ်သွားတတ်လဲဆိုတာကို..သူမကိုလိုက်ရှာရမယ့်ကိစ္စမျိုးရှိလာလိမ့်မယ်
မထင်လို့.
ကျွန်တော့်ဘေးမှာအမြဲရှိနေမယ်ထင်လို့..
ဘာကိုမှမသိချင်ခဲ့တာ..ယွဲမ်ယွဲမ်...
ပျောက်သွားပြီလား..
ကျွန်တော့် ဘေးကထွက်သွားတာလား
သူမက ဒီလိုလုပ်မယ့်မိန်းကလေးမှမဟုတ်တာ
တစ်ခုခုများဖြစ်လို့လား